မန်ယူနောက်ခံလူရိုဟိုဒဏ်ရာမှ ပြန်လည်သက်သာလာပြီး ယူ-၂၃ အသင်းတွင် ပါ၀င်ကစား

မန်ယူနောက်ခံလူရိုဟိုဒဏ်ရာမှ ပြန်လည်သက်သာလာပြီး ယူ-၂၃ အသင်းတွင် ပါ၀င်ကစား

 

နိုဝင်ဘာ ၁၆၊ အင်္ဂလန် ။               ။ မန်ယူနောက်ခံကစားသမား မားကို့စ်ရိုဟိုသည် ဒဏ်ရာမှ ပြန်လည်သက်သာပြီဖြစ်ပြီး ယူ-၂၃ အသင်းအတွက် ၄၅ မိနစ်ပါ၀င်ကစားပေးခဲ့သည်။

အာဂျင်တီးနားနောက်ခံလူ ရိုဟိုသည် ပြီးခဲ့သည့် ဧပြီလက ဒူးဒဏ်ရာရရှိခဲ့ပြီး ၂၀၉ ရက်ကြာ အနားယူနေခဲ့ရသူ ဖြစ်သည်။ ရိုဟိုသည် မန်ယူ ယူ-၂၃ အသင်းနှင့် ဘီလ်ဘာအို ယူ-၂၃ အသင်းတို့၏ နိုင်ငံတကာဖလားပြိုင်ပွဲတွင် ပါ၀င်ကစားပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရိုဟိုသည် မန်ယူအသင်းကြီးတွင် မကြာမီ ပြန်လည်ပါ၀င်ကစားနိုင်တော့မည် ဖြစ်သည်။

လာမည့်သုံးပတ်အတွင်း စီအက်စ်ကေအေမော်စကိုအသင်းနှင့်ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပြန်လည်ကစားနိုင်ရန် ရိုဟိုက ရည်မှန်းထားသည်။

“အခုအချိန်အထိ အခြေအနေကတော့ ကောင်းပါတယ်။ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် လေ့ကျင့်ခန်းဆင်းရတာက ပွဲကစားရတာနဲ့မတူပါဘူး။ လာမယ့်သုံးပတ်အတွင်းမှာ ကျွန်တော်တို့ ချန်ပီယံလိဂ်ကစားရဖို့ရှိပါတယ်။ အဲ့ဒီအချိန်လောက်ဆို ကောင်းကောင်းကစားနိုင်မယ် ထင်ပါတယ်” ဟု ရိုဟိုက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly