Ballon D’Or ဆုကို ၎င်းရရှိကြောင်း စီရော်နယ်ဒိုက မက်ဆီထံဖုန်းဆက်ခဲ့သည်ဟု သတင်းများထွက်ပေါ်

Ballon D’Or ဆုကို ၎င်းရရှိကြောင်း စီရော်နယ်ဒိုက မက်ဆီထံဖုန်းဆက်ခဲ့သည်ဟု သတင်းများထွက်ပေါ်

 

နိုဝင်ဘာ ၁၆၊ စပိန် ။                ။ စီရော်နယ်ဒိုက ၂၀၁၇ ခုနှစ်အတွက် Ballon D’Or ဆုကို ၎င်းရရှိခဲ့ကြောင်း မက်ဆီထံ လျှို့ဝှက်ဖုန်းဆက်ခဲ့သည်ဟု စပိန်တွင် သတင်းများ ထွက်ပေါ်နေသည်။

ပြီးခဲ့သည့်အပတ်က Ballon D’Or ဆုကို မက်ဆီရရှိသည်ဟု ပြင်သစ်ဘောလုံးမဂ္ဂဇင်းမျက်နှာဖုံးများ ထွက်ပေါ်လာပြီးနောက် ယခု သတင်းအသစ်တစ်ပုဒ်ထပ်မံပေါ်ထွက်လာခြင်း ဖြစ်သည်။ စပိန်သတင်းစာ Don Balon က ထိုသတင်းကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။

စီရော်နယ်ဒိုအနေဖြင့် ယခုနှစ် Ballon D’Or ဆုကို ရရှိခဲ့ပါက ငါးကြိမ်မြောက်ဖြစ်လာမည်ဖြစ်ပြီး မက်ဆီနှင့် အကြိမ်အရေအတွက် တူညီသွားမည် ဖြစ်သည်။ Ballon D’Or ဆုကို ၂၀၀၇ ခုနှစ်က ဘရာဇီးကစားသမား ကာကာရရှိခဲ့ပြီးနောက် မက်ဆီနှင့်စီရော်နယ်ဒိုတို့ကသာ တစ်လှည့်စီရရှိနေကြခြင်း ဖြစ်သည်။

စီရော်နယ်ဒိုသည် ပြီးခဲ့သည့်ရာသီက ရီးယဲလ်နှင့်အတူ ချန်ပီယံလိဂ်နှင့်လာလီဂါဖလားတို့ရရှိခဲ့ခြင်းကြောင့် FIFA The Best ဆုကို ရရှိထားပြီး Ballon D’Or ဆုကိုလည်း ရရှိမည်ဟု ယုံကြည်နေသည်။

၂၀၁၇ ခုနှစ် Ballon D’Or ဆုရှင်ကို ဒီဇင်ဘာ ရ ရက်နေ့တွင် ကြေညာမည်ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly