မြန်မာအပေါ် ပိတ်ဆို့အရေးယူဖို့ မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာအပေါ် ပိတ်ဆို့အရေးယူဖို့ မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ပြော

နိုဝင်ဘာ ၁၅ ။            ။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ အမေရိကန်အစိုးရဘက်က လက်ရှိအချိန်မှာ ဖိအားပေးတိုက်တွန်းလုပ်ဆောင်သွားဖို့ မရှိပါကြောင်း နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်က နိုဝင်ဘာ ၁၅ ရက် နေပြည်တော်မှာ ရောက်ရှိစဉ် ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးမှာတော့ ကန်နိုင်ငံခြားရေးဝန်ကြီး တီလာဆန်က ပြောကြားရာမှာတော့ လက်ရှိအချိန်မှာ မြန်မာအပေါ် ဆန်ရှင်ချမှတ်ဖို့ အဆိုပြုချက်တွေအတိုင်း ယခုလောလောဆယ်မှာ လက်ခံပြုလုပ်သွားဖို့မသင့်သေးပါဟု ထုတ်ဖော်ပြောကြားသွားပါတယ်။

ဒါပေမယ့်လည်း မြန်မာစစ်တပ်နဲ့ ယင်းရဲ့ စီးပွားရေး အကျိုးအမြတ်လုပ်ငန်းတွေအပေါ် ပစ်မှတ်ထားကာ စီးပွားရေးအရ အရေးယူပိတ်ဆို့မှု၊ ခရီးသွားလာမှုပိတ်ပင်ချက်တွေ ချမှတ်လုပ်ဆောင်ဖို့ ၀ါရှင်တန်မှာ ရှိတဲ့ အမေရိကန်ဆိနိတ်အမတ်တွေဘက်က ဖိအားပေးတောင်းဆိုမှုတွေ ရှိနေပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖိနှိပ်ကျူးလွန်မှုလုပ်ရပ် သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့ များစွာ စိုးရိမ်ပူပန်မိကြောင်း တီလာဆန်က ပြောသွားပါတယ်။

" ဒီ ရခိုင်ပြည်နယ်က အကျပ်အတည်းကိစ္စက ပြီးခဲ့တဲ့နှစ် ရွေးကောက်ခံအစိုးရ စတင်အာဏာရလာပြီးနောက်ပိုင်း နိုင်ငံမှာ ကြံုတွေ့နေရတဲ့ အကြီးတကာ့အကြီးဆုံး စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါတယ်၊ ရခိုင်ဒေသမှာ မြန်မာလုံခြံုရေးတပ်တွေဘက်က ကျူးလွန်ထားတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေမှုအပေါ် များစွာ စိုးရိမ်ပူပန်နေမိပါတယ်၊ ထောင်နဲ့ချီတဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေဟာလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ကိစ္စအပေါ်လည်း ကျွန်တော်တို့များစွာ စိတ်မကောင်းဖြစ်ရပါတယ်" လို့ ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly