မာရာဒိုနာ၏ အာဂျင်တီးနားအသင်းအတွက် ဂိုးသွင်းစံချိန်ကို အဂူရို ဖြတ်ကျော်

မာရာဒိုနာ၏ အာဂျင်တီးနားအသင်းအတွက် ဂိုးသွင်းစံချိန်ကို အဂူရို ဖြတ်ကျော်

နိုဝင်ဘာ ၁၂၊ အာဂျင်တီးနား ။             ။ ရုရှားအသင်းအား အာဂျင်တီးနားအသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် မန်စီးတီးတိုက်စစ်မှူးအဂူရိုက အာဂျင်တီးနားအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

ထိုဂိုးသည် အဂူရို၏ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၃၅ ဂိုးမြောက်သွင်းဂိုးဖြစ်သည်။ ထို့ကြောင့် အဂူရိုသည် မာရာဒိုနာ၏ ၃၄ ဂိုးစံချိန်ကို ဖြတ်ကျော်ခဲ့ပြီး ဟာနန်ခရက်စပို၏ ၃၅ ဂိုးစံချိန်နှင့်တူညီသွားခဲ့သည်။ လက်ရှိတွင် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် အဂူရှိုထက် ဂိုးပိုသွင်းထားသူများမှာ မက်ဆီ(၆၁ ဂိုး)နှင့် ဘာတစ္စတူတာ(၅၄ ဂိုး)တို့ ဖြစ်သည်။

“ဒီလို စံချိန်တစ်ခုရရှိခဲ့တဲ့ သွင်းဂိုးအတွက် ပျော်ရွှင်မိပါတယ်။ ပြီးတော့ ရုရှကို အနိုင်ရခဲ့တဲ့အတွက်လည်း ပျော်ပါတယ်။ ကျွန်တော်တို့အသင်းဟာ ကောင်းကောင်းကစားနိုင်ခဲ့ပြီး တိုးတက်မှုလည်းရှိပါတယ်။ အသင်းမှာ ကစားသမားသစ်တွေ အများကြီး ပါ၀င်လာပါတယ်။ အရင်တုန်းက တစ်ယောက်ကို တစ်ယောက် နားလည်မှုရအောင် လုပ်ခဲ့ရတဲ့ အချိန်တွေကို ပြန်သတိရမိပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာ ကျွန်တော်တို့ ဆက်လက်တိုးတက်နေဦးမှာပါ” ဟု အဂူရိုက ဆိုသည်။

အာဂျင်တီးနားအသင်းသည် လာမည့် အင်္ဂါနေ့တွင် နိုက်ဂျီးရီးယားအသင်းနှင့်ထပ်မံခြေစမ်းမည် ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly