ရော်နယ်လ်ဒို၊ မက်ဆီနှင့် ရာမို့စ်တို့ကို ကျော်ဖြတ်ပြီး Golden Foot Award ကို ကာဆီးလက်စ် ရရှိ

ရော်နယ်လ်ဒို၊ မက်ဆီနှင့် ရာမို့စ်တို့ကို ကျော်ဖြတ်ပြီး Golden Foot Award ကို ကာဆီးလက်စ် ရရှိ

ရီးယဲလ်မက်ဒရစ် ဂိုးသမားဟောင်း အိုင်ကာ ကာဆီးလက်စ်ဟာ ကမ္ဘာကျော်တိုက်စစ်မှူးတွေဖြစ်တဲ့ စီရော်နယ်လ်ဒိုနှင့် မက်စီတို့ကို ကျော်ဖြတ်ကာ ရွှေခြေထောက်ဆု(Golden Foot Award)ကို  ဆွတ်ခူးရရှိသွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါဂိုးသမားဟာ ၂၈ နှစ်အထက် ဆန်ခါတင် ဘောလုံးသမား (၁၀) ဦးအနက် ရွေးချယ်ခံခဲ့ရပြီး သူဟာ ဒီဆုကို အရင် ဆွတ်ခူးရရှိခဲ့ခြင်း မရှိပါဘူး။

အသက် ၃၆ နှစ်အရွယ်ရှိ ကာဆီးလက်စ်ဟာ အဆိုပါဆုအတွက် ရော်နယ်လ်ဒို၊ မက်ဆီ၊ နျူအာ၊ ရာမို့စ်၊ ရော်ဘင်၊ သီယာဂိုဆေးလ်ဗား၊ ဆွာရက်ဇ်၊ ယာယာတိုရေးနှင့် ပီယာလိုတို့လို ကစားသမားအကျော်အမော်တို့ကို ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

Golden Foot Award  အတွက် ဆန်ခါတင် ၁၀ ဦးစာရင်းအတွက် ကစားသမားများကို ၎င်းတို့ရဲ့ အောင်မြင်မှုတွေကို ကြည့်ပြီး အားကစားမီဒီယာများက ရွေးချယ်ခဲ့တာဖြစ်ပြီး ၎င်းဆန်ခါတင် ၁၀ ဦးထဲမှ ဆုရရှိမယ့်သူကိုမူ အွန်လိုင်းမှ မဲပေးစနစ်ဖြင့် ရွေးချယ်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

၎င်းဆုကို ရရှိသူများမှာ မိုနာကိုရှိ “The Champions Promenade” ချန်ပီယံများလမ်းလျှောက်ရာ ပင်လယ်ကမ်းခြေပေါ်မှာ ဂုဏ်ပြုအမှတ်တရအဖြစ် ထားရှိရန် ၎င်းတို့ရဲ့ ခြေဖဝါးရာ (သို့မဟုတ်) လက်ဖဝါးရာတို့ကို ထားခဲ့ရပါတယ်။

ကာဆီးလက်စ်ဟာ ၄င်းရဲ့ ကစားသမားဘဝတစ်လျှောက် အမှတ်ပေးဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်နှင့် ကမ္ဘာ့ဖလား ၁ ကြိမ်အပါအဝင် အဓိက ဆုဖလားပေါင်း ၁၃ လုံး ရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။

 “၂၀၁၇ အတွက် ရွှေခြေဖဝါးဆုကို ရတဲ့အတွက် ကျနော် အရမ်းပျော်ပါတယ်။  ကျနော်ကို ထောက်ခံမဲပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။”လို့ ကာဆီးလက်စ်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ 

သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ မေးမြန်ခဲ့ရာမှာ “ကျနော့်ရဲ့ ကစားသမားဘဝက ကုန်ဆုံးဖို့ နီးကပ်လာတာနဲ့အမျှ ဘောလုံးနဲ့ဆက်နွယ်တဲ့ တခြားအရာတစ်ခုခုကို လုပ်သွားချင်ပါတယ်။”လို့ ဖြေကြားခဲ့ပါတယ်။

Golden Foot ဆုကို 2003 ခုနှစ်က စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ပထမဆုံး ဆွတ်ခူးရရှိတဲ့ ကစားသမားမှာ အီတလီဂန္ထဝင်ကစားသမား ရော်ဘတ်တို ဘက်ဂီယိုဖြစ်ပါတယ်။

ခုနှစ် ကစားသမားအမည် အသင်း
၂၀၀၃ ရော်ဘတ်တို ဘက်ဂီယို ဘရက်စ်စီယာ (အီတလီ)
၂၀၀၄ ပါဗယ်လ် နက်ဗက် ဂျူဗင်တပ်စ် (အီတလီ)
၂၀၀၅ အင်ဒရီ ရှက်ဗ်ချင်ကို အေစီမီလန် (အီတလီ)
၂၀၀၆ ရော်နယ်လ်ဒို ရီးယဲလ်မက်ဒရစ် (စပိန်)
၂၀၀၇ အလက်ဇန်ဒရို ဒယ်လ်ပီယာရို ဂျူဗင်တပ်စ် (အီတလီ)
၂၀၀၈ ရော်ဘတ်တို ကားလို့စ် ဖီနာဘာချီ (တူရကီ)
၂၀၀၉ ရော်နယ်လ်ဒင်ဟို အေစီမီလန် (အီတလီ)
၂၀၁၀ ဖရန်စ္စကို တော့တီ ရိုးမား (အီတလီ)
၂၀၁၁ ရိုင်ယန် ဂစ် မန်ချက်စတာ ယူနိုက်တက် (အင်္ဂလန်)
၂၀၁၂ ဇာလ်တန် အီဘရာဟင်မိုဗစ်ချ် ပီအက်စ်ဂျီ (ပြင်သစ်)
၂၀၁၃ ဒီဒီယာ ဒရော့ဘာ ဂါလာတာစာရေး (တူရကီ)
၂၀၁၄ အင်နီယေစတာ ဘာစီလိုနာ (စပိန်)
၂၀၁၅ အီတူး အန်တယ်ရာစပိုး (တူရကီ)
၂၀၁၆ ဘူဖွန် ဂျူဗင်တပ် (အီတလီ)
၂၀၁၇ အိုင်ကာ ကာဆီးလက်စ် ပေါ်တို (ပေါ်တူဂီ)

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly