စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကို တိုးချဲ့ရန် တရုတ်ရင်းနှီးမြှပ်နှံသူများနှင့် ချယ်လ်ဆီးအသင်းပိုင်ရှင်ဆွေးနွေး

စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကို တိုးချဲ့ရန် တရုတ်ရင်းနှီးမြှပ်နှံသူများနှင့် ချယ်လ်ဆီးအသင်းပိုင်ရှင်ဆွေးနွေး

နိုဝင်ဘာ ၉၊ အင်္ဂလန် ။             ။ ချယ်လ်ဆီးအသင်းပိုင်ရှင်အေဗရာမိုဗစ်ချ်သည် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအား တိုးချဲ့တည်ဆောက်ရန်အတွက် တရုတ်ရင်းနှီးမြှပ်နှံသူများနှင့် ဆွေးနွေးမှုများ   ပြုလုပ်လျက်ရှိသည်။

ချယ်လ်ဆီးအသင်းသည် ပရိသတ် ၄၁,၆၃၁ ဆံ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအား ပရိသတ် ၆၀ဝဝ၀၀ ဆံ့ကွင်းအဖြစ် တိုးချဲ့တည်ဆောက်မည် ဖြစ်သည်။ လာမည့်  ငါးနှစ်အတွင်း တိုးချဲ့တည်ဆောက်ရန် လန်ဒန်မြို့တော်ဝန်၏ခွင့်ပြုချက်ရရှိပြီးဖြစ်သလို ဖူလ်ဟမ်မြို့တော်ကောင်စီ၏ ခွင့်ပြုချက်လည်း ရရှိပြီး ဖြစ်သည်။

ကွင်းတိုးချဲ့တည်ဆောက်ရန်အတွက် ပေါင်သန်း ၅၀၀ ခန့်ကုန်ကျမည် ဖြစ်သည်။ အေဗရာမိုဗစ်ချ်သည် ချယ်လ်ဆီးအသင်းကို စတင်ဝယ်ယူခဲ့သည့် ၂၀၀၃ ခုနှစ်ကစတင်ပြီး ပေါင် ၁ ဘီလီယံကျော် အသုံးပြုခဲ့ပြီး ဖြစ်သည်။ ကွင်းတိုးချဲ့ရန် ငွေကြေးထပ်မံစိုက်ထုတ်သုံးစွဲလိုခြင်းမရှိသောကြောင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆွေးနွေးနေခြင်းဖြစ်သည်။

ငွေကြေးအကူအညီရယူလိုသော်လည်း မိုဗစ်မှာ ချယ်လ်ဆီးအသင်း၏ရှယ်ယာများကို တရုတ်စီးပွားရေးလုပ်ငန်းရှင်များထံ ရောင်းချလိုခြင်းမရှိပဲ ထိုငွေကြေးကို ပြန်လည်ပေးချေသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly