မြောက်ကိုရီးယားအရေးအား ဖြေရှင်းရာ၌ ရုရှားနှင့်တရုတ်တို့၏ အရေးပါပုံအား နေတိုးအကြီးအကဲပြောကြား

မြောက်ကိုရီးယားအရေးအား ဖြေရှင်းရာ၌ ရုရှားနှင့်တရုတ်တို့၏ အရေးပါပုံအား နေတိုးအကြီးအကဲပြောကြား

 

ဘရက်ဆဲလ်၊ နို၀င်ဘာ ၉ ။                ။ နေတိုးအဖွဲ့၏အတွင်းရေးမှူးချုပ်ဖြစ်သူက မြောက်ကိုရီးယားအရေးကိစ္စကို ငြိမ်းချမ်းစွာဖြေရှင်းရန်နှင့် ၄င်း၏ နျူကလီးယားနှင့် ပဲ့ထိန်းတပ်ဒုံးပျံစမ်းသပ်မှုများကို ရပ်တန့်သွားအောင်လုပ်ဆောင်ရာ၌ ရုရှားနှင့် တရုတ်နိုင်ငံ တို့၏ အဓိကအခန်းကဏ္ဍမှ အရေးပါပုံအား ဗုဒ္ဓဟူးနေ့က အလေးထားပြောကြားခဲ့သည်။

ယန်းစ်စတော့တန်ဘာ့ဂ်သည် မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်ချက်များကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များနှင့်ပက်သက်၍ ဘရက်ဆဲလ်မြို့၌ ကာကွယ်ရေးဝန်ကြီးများ၏ အစည်းအဝေးပွဲမကျင်းပမီတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရုရှားနဲ့တရုတ်နိုင်ငံတို့ဟာ မြောက်ကိုရီးယားနဲ့ အိမ်နီးချင်းဖြစ်ယုံသာမက သူတို့ဟာ ကုလသမဂ္ဂလုံခြံုရေး ကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တာကြောင့် ဒီကိစ္စကိုဖြေရှင်းရာမာှ အရေးပါတဲ့အခန်းကဏ္ဍက ပါ၀င်ပါ တယ်” ဟု သူက ပြောခဲ့သည်။ “ဒါဟာ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုဖြစ်ပြီး တစ်ကမ္ဘာလုံးက လည်း ပြန်လည်တုံ့ပြန်ဖို့လိုအပ်ပါတယ်” ဟု သူက ဆက်ပြောခဲ့သည်။

ဒါ့အပြင် စတော့တန်ဘာ့ဂ်က မြောက်ကိုရီးယားအရေးအား ငြိမ်းချမ်းစွာဖြေရှင်းရန်အတွက် နိုင်ငံတကာ၏ ဖိအားပေးမှုများကို မတတ်သာပဲလိုအပ်ကြောင်းနှင့် ကုလသမဂ္ဂ၏ အရေးယူဒဏ်ခတ်မှုများကို အပြည့်အဝ ထောက်ခံပေးဖို့လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဆိုးလ်မြို့၌မိန့်ခွန်းပြောခဲ့စဉ်၌ အမေရိကန်အစိုးရအပေါ် လျှော့မတွက်ရန် မြောက်ကိုရီးယားတို့အား သတိပေးခဲ့မှုနှင့်ပက်သက်၍   မေးမြန်းချက်များအပေါ်   နော်ဝေနိုင်ငံရေးသမားကြီး စတော့တန်ဘာ့ဂ်က မြောက်ကိုရီးယားတို့အပေါ် သံတမန်ဆက်ဆံရေး ဆက်လက်ထားရှိရန်လိုအပ်ပြီး စီးပွား ရေးအရသာ ဖိအားပေးဖို့လိုအပ်ကြောင်း ဖြေကြားခဲ့သည်။

“မြောက်ကိုရီးယားအပေါ် ပြင်းထန်တဲ့ဖိအားပေးမှုတွေလုပ်ဆောင်ဖို့ နေတိုးအဖွဲ့ရဲ့မဟာမိတ်အားလုံးက သဘောတူခဲ့ကြပါတယ်” ဟု စတော့တန်ဘာ့ဂ်ကပြောခဲ့ပြီး “နျူကလီးယားလက်နက်တွေ ပဲ့ထိန်းတပ်ဒုံးပျံတွေ ကို ချဲ့ထွင်စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယားတို့ဟာ ၄င်းတို့ရဲ့ အဆင်အခြင်မဲ့တဲ့၊ တာဝန်မဲ့တဲ့လုပ်ရပ်တွေအတွက် တာဝန်ရှိပါတယ်” ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly