အင်္ဂလန်ဂိုးသမားဟောင်း ပီတာရှဲလ်တွန်ရဲ့ (၁,၂၄၉) ပွဲကစား စံချိန်ကို ရိုက်ချိုးမယ့် ဂိုးသမား ပေါလ်ဘတ်စတုတ်ခ်

အင်္ဂလန်ဂိုးသမားဟောင်း ပီတာရှဲလ်တွန်ရဲ့ (၁,၂၄၉) ပွဲကစား စံချိန်ကို ရိုက်ချိုးမယ့် ဂိုးသမား ပေါလ်ဘတ်စတုတ်ခ်
(ဓာတ်ပုံ - Wisbech Town FC)

ဒါက ဘောလုံးလောကမှာ အကြီးကျယ်ဆုံး ကမ္ဘာ့စံချိန်ထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီကမ္ဘာ့စံချိန်မှတ်တမ်းကို လာမင်တန်စပါးမြို့မှ အသက် ၄၇ နှစ်အရွယ် ဂိုးသမားက ချိုးဖျက်ဖို့ အကြောင်းရှိလာပါတယ်။

ဂိုးသမား ပေါလ် ဘတ်စတုတ်ခ်ဟာ ဗုဒဟူးနေ့မှာ စီးလ်ဖို့ဒ်မြို့မှာ ဝက်စ်ဘတ်ခ်အသင်းအတွက် ပါဝင်ကစားခဲ့ပြီး  အင်္ဂလန်ဂိုးသမားဟောင်း ပီတာ ရှဲလ်တွန်ရဲ့ (၁,၂၄၉) ပွဲကစားတဲ့ စံချိန်နှင့် တူညီသွားတယ်လို့ သိရပါတယ်။

ဘော်စတွန်ယူနိုက်တက်ကစားသမားဟောင်းဖြစ်သူ ဘတ်စတုတ်ခ်ဟာ လာမယ့် စနေနေ့မှာလည်း ကစားခဲ့မယ်ဆိုရင် ပွဲစုစုပေါင်း (၁,၂၅၀) ပွဲကစားတာဖြစ်လာမှာဖြစ်တာကြောင့် ရှဲလ်တွန်ရဲ့ ပွဲထွက် စံချိန်ကို ကျော်ဖြတ်သွားမှာဖြစ်ပါတယ်။

ပေါလ် ဘတ်စတုတ်ခ်ဟာ ဘော်စတွန်ယူနိုက်တက်အသင်းမှာ ၁၂ ရာသီကြာကစားခဲ့ပြီး အသင်းကို Football League သို့ တန်းတက်နိုင်ဖို့ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly