ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ငြိမ်းချမ်းရေးဂီတပွဲတော် (Peace Music Festival) ငြိမ်းချမ်းရေး သီချင်းဆိုပြိုင်ပွဲ Level-1 ပဏာမ အသံစစ်ဆေးခြင်းကို မြန်မာနိုင်ငံတစ်ဝှမ်း မြို့ကြီး ၁၁ မြို့မှာ ကျင်းပခဲ့ပြီး Level-2 ပြိုင်ပွဲများကို မန္တလေးမြို့နှင့် နေပြည်တော်တို့မှာ ကျင်းပခဲ့ပါတယ်။
ငြိမ်းချမ်းရေးဂီတပွဲတော် Level-3 ပြိုင်ပွဲများကို နေပြည်တော်နှင့် ရန်ကုန်မြို့များမှာ ကျင်းပမှာဖြစ်ပြီး ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ပွဲစဉ် (၂) ပြိုင်ပွဲကို နိုဝင်ဘာ ၁၂ ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Source: Myanma Alinn Daily