စီရော်နယ်လ်ဒိုရဲ့ နေရာမှာ နေမာကို အစားထိုးရန် ရီးယဲလ်အသင်း အလိုရှိ

စီရော်နယ်လ်ဒိုရဲ့ နေရာမှာ နေမာကို အစားထိုးရန် ရီးယဲလ်အသင်း အလိုရှိ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်အသင်းရဲ့ ဥက္ကဋ္ဌ ဖလော်တီနို ပီရက်ဇ်က အသင်းရဲ့ အဓိက တိုက်စစ်မှူး စီရော်နယ်လ်ဒိုရဲ့ နေရာမှာ ပီအက်စီဂျီကြယ်ပွင့် နေမာနဲ့ အစားထိုးဖို့ ခေါ်ယူနိုင်ရေးအတွက် ကစားသမားရဲ့ ဖခင်နှင့် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဘရာဇီးတိုက်စစ်မှူးမှာ ရီးယဲလ်ရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာအသင်းကနေ ယခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ ပီအက်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းနဲ့ ရောက်ရှိခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ လက်ရှိမှာ ပီအက်စ်ဂျီအသင်းအတွက် ၁၂ ပွဲကစား၊ ၁၁ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြကစားနေပါတယ်။

ဒါပေမယ့် Mundo Deportivo အားကစား သတင်းစာအရ ပီရက်ဇ်နှင့် နေမာရဲ့ဖခင်တို့ဟာ စပိန်သို့ ပြန်လည်ခေါ်ယူနိုင်ဖွယ်ရှိတဲ့ အပြောင်းအရွှေ့ကို ပြောဆိုခဲ့ကြောင်း သိရှိရပါတယ်။

ရီးယဲလ်အသင်းဟာ နေမာကို ၂၀၁၃ က ဆန်းတို့စ်အသင်းကနေ ခေါ်ယူလိုခဲ့ပေမယ့် ၎င်းမှာ ဘာစီလိုနာအသင်းသို့ ရောက်ရှိခဲ့ပါတယ်။ သူဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့တဲ့ ၄ နှစ်အတွင်း ချန်ပီယံလိဂ်ဖလား ၁ ကြိမ်ရရှိခဲ့ပါတယ်။

ရီးယဲလ်အသင်းနဲ့ ရော်နယ်လ်ဒိုရဲ့ စာချုပ်သက်တမ်းက ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် နေမာအတွက် ဘာနေဗျူးမှာ အမြဲတမ်း တံခါးဖွင့်ထားကြောင်း သတင်းများက ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ နေမာဟာ ပြင်သစ်မှာ ပျော်ရွှင်နေတယ်လို့ သိရပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags