နိုင်ငံတကာပွဲစဉ်များအပြီးတွင် မန်ယူအသင်း၌ ပေါ့ဂ်ဘာ ပြန်လည်ပါ၀င်လာမည်

နိုင်ငံတကာပွဲစဉ်များအပြီးတွင် မန်ယူအသင်း၌ ပေါ့ဂ်ဘာ ပြန်လည်ပါ၀င်လာမည်

နိုဝင်ဘာ ၈၊ အင်္ဂလန် ။            ။ ယခုတစ်ပတ်နိုင်ငံတကာပွဲစဉ်များအပြီးတွင် မန်ယူအသင်း၏အဓိက ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာမှာ အသင်းတွင် ပြန်လည်ပါ၀င်လာတော့မည် ဖြစ်သည်။

ပေါ့ဂ်ဘာသည် တံကောက်ကြောဒဏ်ရာကြောင့် ပြီးခဲ့သည့် ၂ လခန့်ကတည်းက အနားယူနေရသူဖြစ်ပြီး မန်ယူအသင်း၏ ပွဲစဉ် ၁၂ ပွဲကို လွဲချော်ခဲ့ပြီး ဖြစ်သည်။ ပေါ့ဂ်ဘာဒဏ်ရာရနေသည့်အချိန်တွင် မန်ယူအသင်းမှာ ခြေစွမ်းပိုင်းယိမ်းယိုင်ခဲ့ပြီး ရလဒ်များဆိုးရွားခဲ့ကာ မန်စီးတီးနှင့် ၈ မှတ်ကွာဟသွားခဲ့ရသည်။

ထို့ကြောင့်ပေါ့ဂ်ဘာ ဒဏ်ရာမှ ပြန်လည်သက်သာလာခြင်းသည် မန်ယူနည်းပြမော်ရင်ဟိုအတွက် အားတက်စရာဖြစ်လာခဲ့ရသည်။ ပေါ့ဂ်ဘာသည် ၎င်း၏ဒဏ်ရာကို အမေရိကန်တွင် ခွဲစိတ်ကုသခဲ့ပြီး အမေရိကန်၌ပင် အနားယူကာ လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်ခဲ့သည်။

ထို့နောက် ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်ကစ၍ မန်ယူအသင်း၏ ကာရင်တန်လေ့ကျင့်ရေးကွင်းတွင် အပေ့ါစားလေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့သည်။

နယူးကာဆယ်နှင့်ပွဲတွင် ပေါ့ဂ်ဘာကို အရန်စာရင်းတွင် ထည့်သွင်းရန်စီစဉ်ထားသော်လည်း အစောတလျင်အရဲ့စွန့်အသုံးပြုမည် မဟုတ်ကြောင်း မန်ယူနည်းပြ မော်ရင်ဟိုက ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags