ဘဏ္ဍာရေးစည်းမျဉ်းအရ ဒီမာရီယာနှင့် မော်ရာတို့ကို ပီအက်စ်ဂျီအသင်းရောင်းချလို

ဘဏ္ဍာရေးစည်းမျဉ်းအရ ဒီမာရီယာနှင့် မော်ရာတို့ကို ပီအက်စ်ဂျီအသင်းရောင်းချလို

နိုဝင်ဘာ ၈၊ ပဲရစ်။           ။ ပီအက်စ်ဂျီအသင်းသည် ဘဏ္ဍာရေးမျှခြေစည်းမျဉ်းအရ ဝင်ငွေပေါင်သန်း ရ၀ တိုးမြှင့်ရမည်ဟု ယူအီးအက်ဖ်အေ၏တောင်းဆိုမှု ကိုလိုက်နာရန်အတွက် ဒီမာရီယာနှင့် လူးကပ်စ်မော်ရာတို့ကို ဇန်နဝါရီတွင်ထုတ်ရောင်းချင်နေသည်။

ငွေသုံးစွဲလွန်းသည့် ပီအက်စ်ဂျီအသင်းသည် နေမာကို ပေါင် ၁၉၈ သန်းဖြင့်စာချုပ်ထားပြီး အမ်ဘတ်ပီကို ဖြစ်နိုင်ဖွယ်ပေါင် ၁၆၅ သန်းဖြင့် ခေါ်ယူရန်ရှိနေသည့်အပေါ် ပြီးခဲ့သည့်လက ယူအီးအက်ဖ်အေစာရင်းစစ်များ၏ ဘဏ္ဍာရေးစစ်ဆေးမှုကို ခံခဲ့ရသည်။

အသင်းအနေဖြင့် ဒီမာရီယာနှင့် မော်ရာတို့ကိုရောင်းချခြင်းသာမက အမေရိကမှ ရုပ်သံစာချုပ်များကိုဆွဲဆောင်နိုင်ရန်လည်း မျှော်လင့်နေသည်။

နွေရာသီတွင် ပေါင် တစ်ဘီလျံသုံးထားသည့် ပရီးမီးယားလိဂ်ကလပ်များထံမှ စိတ်ဝင်စားမှုကို ပီအက်စ်ဂျီအသင်းက မျှော်လင့် နေသော်လည်း မန်ချက်စတာယူနိုက်တက်အသင်းတွင် ဒီမာရီယာအောင်မြင်မှုမရခဲ့ခြင်းနှင့် လစာမြင့်မားလွန်းခြင်းက အတားအဆီး ထပ်မံ ဖြစ်စေဖွယ်ရှိသည်။

အာဂျင်တီးနားလက်ရွေးစင်သည် ၂၀၁၄ တွင် ရီးယဲလ်မှ ယူနိုက်တက်သို့ပြောင်းစဉ်က ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ကာလတိုမှတ်တမ်းဝင်ခဲ့သော်လည်း အသင်းနှင့်အတူခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိပေ။

လူးကပ်စ်မော်ရာသည် ၂၀၁၂ ခုနှစ်တွင် ပီအက်စ်ဂျီအသင်းသို့ပြောင်းရန်အတွက် ယူနိုက်တက်အပါအဝင် ပရီးမီးယားလိဂ်ကလပ် အတော်များများကို ငြင်းဆန်ခဲ့သူဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly