ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် နိုင်ငံလက်ရွေးစင်အဖြစ်မှ အနားယူတော့မည်ဟု ကိုစီရယ်နီ ကြေညာ

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် နိုင်ငံလက်ရွေးစင်အဖြစ်မှ အနားယူတော့မည်ဟု ကိုစီရယ်နီ ကြေညာ

နိုဝင်ဘာ ၈၊ ပြင်သစ် ။          ။ အာဆင်နယ်နောက်ခံကစားသမား ကိုစီရယ်နီက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပြင်သစ်လက်ရွေးစင်အသင်းမှ အနားယူတော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ကိုစီရယ်နီသည် ၂၀၁၁ ခုနှစ်ကစတင်ပြီး ပြင်သစ်လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရကာ ၄၉ ပွဲ ပါ၀င်ကစားထားသည်။ အသက် ၃၂ နှစ်အရွယ်ရှိ ကိုစီရယ်နီသည် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ဒုတိယရခဲ့သည့်ပြင်သစ်အသင်း၏အဓိက နောက်ခံလူအဖြစ် ကစားခဲ့သူဖြစ်သည်။

“ကမ္ဘာ့ဖလားပြိုင်ပွဲပြီးသွားရင် ကျွန်တော့်အသက်က ၃၃ နှစ်နီးပါး ဖြစ်သွားမှာပါ။ ပြင်သစ်အသင်းကနေ ထွက်ခွာသင့်ပြီဖြစ်တဲ့ အချိန်ပါပဲ။ ပြင်သစ်အသင်းနဲ့အတူအောင်မြင်မှုရဖို့ အချိန်ခြောက်လ ကျန်ရှိနေပါသေးတယ်။ ကျွန်တော့်မိန်းမပြောခဲ့သလိုပါပဲ ပြင်သစ်အသင်းနဲ့အတူ အမှတ်ရစရာတွေအများကြီးရှိပါတယ်” ဟု ကိုစီရယ်နီက ဆိုသည်။

ဘာစီလိုနာနောက်ခံလူ အမ်တီတီကဲ့သို့ လူငယ်ကစားသမားများက ပြင်သစ်အသင်း၏ခံစစ်ကို တာဝန်ယူသင့်ပြီဖြစ်ကြောင်းလည်း ကိုစီရယ်နီက ပြောဆိုသွားခဲ့သည်။

ရည်ညွှန်း ဒေးလီးစတား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly