ပက်ဂျီဆန်ကို လိုက်မီရန် အများကြီးကြိုးစားရဦးမည်ဟု ဆွန်ဟောင်မင် ပြော

ပက်ဂျီဆန်ကို လိုက်မီရန် အများကြီးကြိုးစားရဦးမည်ဟု ဆွန်ဟောင်မင် ပြော

နိုဝင်ဘာ ရ၊ အင်္ဂလန် ။          ။ အာရှ၏ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာရသော်လည်း ပက်ဂျီဆန်ကိုလိုက်မီရန် အများကြီးကြိုးစားရဦးမည်ဟု စပါးတိုက်စစ်မှူးဆွန်ဟောင်မင်ကို ပြောဆိုလိုက်သည်။

စပါးအသင်းက ပဲလေ့စ်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဆွန်ဟောင်မင်သွင်းယူခဲ့သောဂိုးမှာ သူ၏ ဂိုး ၂၀ မြောက် ပရီးမီးယားလိဂ်သွင်းဂိုးဖြစ်သည်။ ထိုဂိုးကြောင့် ဆွန်ဟောင်မင်မှာ ၎င်း၏တစ်နိုင်ငံတည်းသား မန်ယူကစားသမားဟောင်း ပက်ဂျီဆန်၏စံချိန်ကို ဖြတ်ကျော်နိုင်ခဲ့သည်။

“ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးအာရှဘောလုံးသမားဖြစ်လာရပေမယ့် ပက်ဂျီဆန်ကို လိုက်မီဖို့ အများကြီးကြိုးစားရဦးမှာပါ။ ပဲလေ့စ်နဲ့ပွဲမှာ ဂိုးသွင်းခွင့်တွေအများကြီးရခဲ့ပေမယ့် တစ်ဂိုးပဲရခဲ့လို့ မကျေနပ်ပါဘူး။ အရေးကြီးဆုံးကတော့ အသင်းက အနိုင်သုံးမှတ်ရဖို့ပါပဲ။

ပြီးခဲ့တဲ့နှစ်တုန်းက ဂိုးတွေအများကြီးသွင်းနိုင်ခဲ့လို့ ဒီနှစ်မှာ မျှော်လင့်ချက်တွေပိုများလာခဲ့ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းကို အလွန်စဉ်းစားနေမိရင် ကျွန်တော့်ကို ရိုက်ခတ်မှုရှိလာနိုင်ပါတယ်” ဟု ဆွန်ဟောင်မင်က ဆိုသည်။

တောင်ကိုရီးယားလက်ရွေးစင်ကစားသမားဟောင်း ပက်ဂျီဆန်သည် မန်ယူအသင်းတွင် ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး ပရိသတ်အကြိုက်ကစားသမားတစ်ဦးဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly