အီတလီကွင်းလယ်လူဟောင်း ပီယာလို ကစားသမားဘဝမှ အနားယူ

အီတလီကွင်းလယ်လူဟောင်း ပီယာလို ကစားသမားဘဝမှ အနားယူ
(ဓာတ်ပုံ - အီးပီအေ)

အီတလီလက်ရွေး ကွင်းလယ်ကစားသမားဟောင်း အန်ဒီရာ ပီယာလိုဟာ နယူးယောက်စီးတီးအသင်းအတွက် ၎င်းရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့ပြီးနောက် ဘောလုံးသမားဘဝကနေ အနားယူပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

သူဟာ ၂၀၁၅ ခုနှစ်မှာ အီတလီလက်ရွေးစင်အသင်းမှ အနားယူခဲ့ပြီးနောက် ယခုအခါ ကစားသမားဘဝမှ အပြီးတိုင်အနားယူလိုက်တာလည်းဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ အီတလီအသင်းအတွက် ၁၁၆ ပွဲ ကစားပေးခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။

ပီယာလိုဟာ ၎င်းရဲ့ ကစားသမားဘဝကို ဘရက်စ်ချာအသင်းမှာ စတင်ကစားခဲ့ပြီး လွန်ခဲ့တဲ့ နှစ်နှစ်က မေဂျာလိဂ်ကို မပြောင်းရွှေ့ခင်အထိ အင်တာ၊ အေစီမီလန်နှင့် ဂျူဗီတပ်စ်အသင်းတွေမှာလည်း ကစားခဲ့သူဖြစ်ပါတယ်။

ပီယာလိုက ကစားသမားဘဝတစ်လျှောက် အားပေးခဲ့ကြတဲ့ ပရိသတ်များကို ကျေးဇူးတင်ရှိကြောင်းနှင့် အမြဲအမှတ်ရနေမှာဖြစ်တယ်လို့ ၎င်းရဲ့ Twitter စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ပီယာလိုဟာ ၎င်းရဲ့ ကစားသမားဘဝ သက်တမ်း ၂၂ နှစ်အတွင်းမှာ ဆုဖလားများစွာ ဆွတ်ခူးရရှိခဲ့ပါတယ်။

သူဟာ မီလန်အသင်းနှင့် စီးရီးအေချန်ပီယံဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်နှင့် ၂၀၀၃ နှင့် ၂၀၁၁ ကြား ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ အဲဒီနောက် ပီယာလိုဟာ ၂၀၁၂ နှင့် ၂၀၁၅ ခုနှစ်အကြား ဂျူဗင်တပ်စ်အသင်းမှာ လေးနှစ်ဆက် စီးရီးအေချန်ပီယံအဖြစ် အောင်မြင်မှု ရရှိခဲ့ပါတယ်။

ပီယာလိုရဲ့ ကစားသမားဘဝတစ်လျောက် ကိန်းဂဏန်းများ
၈၇၂ ပွဲ
၆ စီးရီးအေချန်ပီယံဖလား
၂ ကိုပါအီတလီယာဖလား
၂ ချန်ပီယံလိဂ်ဖလား
၁ ကမ္ဘာ့ဖလားအောင်မြင်မှု

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly