အရွယ်မတိုင်မီ ဇရာကို ထိန်းသိမ်းဖို့ဆိုရင်

အရွယ်မတိုင်မီ ဇရာကို ထိန်းသိမ်းဖို့ဆိုရင်

ယခုခေတ်မှာ အမျိုးသမီး အမျိုးသား ပျိုပျို အိုအို လူသားတိုင်း လှချင်ပချင် နုပျိုချင်ကြတဲ့ သူတွေဖြစ် ချင်ကြပါတယ် ။ အသက်အရွယ်ကြီးလာလို့ လှပဖို့ နုပျိုဖို့ဆိုရင်တော့ မိမိရဲ့အရေပြားကို ထိန်းသိမ်းဖို့ ပြုပြင်ဖို့ကျန်းမာရေးနဲ့ ညီညွတ် ဖို့တော့ မလွှဲမသွေလိုအပ်မှာ ဖြစ်ပါတယ် ။ လူဆိုတာ သူ့အသက် အရွယ်အလိုက် အိုမင်းရင့်ရော်သွား တာကတော့ ဇာတိ ဇရာဆိုတဲ့ သဘာဝဖြစ်ပေမယ့်လို့ သဘာဝ အတိုင်းမဟုတ်ဘဲ အိုမင်းရင့်ရော်နေ မယ်ဆိုရင် သို့မဟုတ် ကျန်းမာရေးကြောင့်ဖြစ်စေ ၊ ရာသီဒဏ် တွေကြောင့်ဖြစ်စေ အိုမင်းရင့်ရော်နေမယ်ဆိုရင် ခေတ်မီဆေးဝါးတွေကို အသုံးပြုတာနဲ့ အစားအသောက် နေထိုင်မှုပုံစံကို စနစ်တကျ ပြောင်းလဲနေထိုင်လိုက် ရင် အရွယ်တင််နုပျို လှပလာမှာပဲဖြစ်ပါတယ် ။

အဓိကဆိုရရင် အိုမင်းရင့်ရော်မှုမှာ နှစ်မျိုးရှိပါတယ် ၊ အတွင်းကအိုမင်းခြင်း intrinsic aging ဆိုတာနဲ့ ၊ အပြင်ကနေ အိုမင်းခြင်း extrinsic aging ဆိုတာရှိပါတယ် ။အတွင်းအိုမင်းမှုကတော့   ပြောင်းလဲလို့မရဘူး ။ အသက်အရွယ်ကြီိိိးပြင်းလာတာနဲ့အမျှ တဖြေးဖြေးချင်းအိုမင်းလာမှပဲဖြစ်ပါတယ် ၊ သဘာဝအလျောက် အိုမင်း တာလို့ခေါ်ပါတယ် ။အဓိကကတော့ ဂျင်း (Gene) မျိုးရိုးဗီဇ အပေါ်မှာမူတည်ပါတယ် ၊ မျိုးရိုးဗီဇကောင်းရင် ကောင်းသလို ၊ ကိုယ့်မှာရှိတဲ့ အရေပြားပုံသဏ္ဍန် skin type ကောင်းရင်ကောင်းသလို ၊ အသားဖြူတဲ့သူလား ၊ အရှေ့တိုင်းလို အသားဝါတဲ့သူလား ၊ အသားညိုတဲ့သူလား ဆိုတာနဲ့လည်း အိုမင်းရင့်ရော်မှုဟာ ပတ်သက်နေပါ တယ် ။ အသားဖြူတဲ့သူက အိုမင်းရင့်ရော်ဖို့ပိုပြီး လွယ်ပါတယ် ။ အသားညိုတဲ့သူက အသားညိုလေလေ အိုမင်း ရင့်ရော်မှုနည်းလေလေပဲဆိုတာဟာ နေရောင်ခြည်ကိုကာကွယ်နိုင်စွမ်းရှိလို့ပဲဖြစ်ပါတယ် ။

နောက်တစ်ခုက အသားအရေပုံစံပေါ်မှာမူတည်နေတာပဲဖြစ်ပါတယ် ၊ အဆီ ပြန်တဲ့မျက်နှာလား ၊ခြောက်သွေ့ တဲ့ အသားအရေပိုင်ရှင်လား ၊ အဲဒါတွေကလည်း မျိုးရိုးဗီဇနဲ့ဆိုင်ပါတယ် ။ မျက်နှာအဆီပြန်တဲ့သူဆိုရင် အသား အရေခြောက်တဲ့သူနဲ့စာရင် အိုမင်းရင့်ရော်မှု ပိုနှေးပါတယ် ။ ပြုပြင်ပြောင်းလဲဖို့ ခဲယဉ်းတဲ့ အတွင်းကအိုမင်းမှု intrinsic aging ဆိုတာပဲဖြစ်ပြီး ဆေးပညာနဲ့ သိတ်ပြီး တားဆီးလို့မရဟု ဆိုရမှာပဲ ဖြစ်ပါတယ် ။ အပြင်ကနေ အိုမင်းခြင်း extrinsic aging ဆိုတာကတော့ ပတ်ဝန်းကျင်နဲ့ Life Style ပေါ်မှာမူတည်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အချိန်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေတဲ့ အကြောင်းအရာမျိုးပဲဖြစ်ပါတယ် ။ နေရောင်ခြည် ထိပါများရင် အရေပြားထဲမှာရှိတဲ့ နုပျိုမှုကို အားပေးတဲ့ အရာတွေကို ပျက်စီးစေပါတယ် ၊သူဟာ လွယ်လွယ်ကူကူပဲ ပျက်စီး တာဖြစ်လို့ မြန်မြန်အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ် ။

မြို့မှာနေတဲ့သူနဲ့ တောရွာမှာနေတဲ့သူ တွေကို ယှဉ်ကြည့်လိုက်ရင် ညစ်ညမ်းတဲ့လေထုကို ရှူရှိုက်ရတဲ့သူနဲ့ သဘာဝလေကိုရှူရတဲ့သူ မတူသလို ညစ်ညမ်းတဲ့လေကို ရှူရတဲ့သူဟာ ပိုပြီး အိုမင်းစေပါတယ် ။ ဆေးလိပ် သောက်တာကလည်း အချိန်မတိုင်ခင် အိုမင်းရင့်ရော်စေတာပါပဲ ။ နောက်တစ်ခုကတော့  အစားအသောက်ပုံစံ နဲ့လည်း သက်ဆိုင်နေတာ တွေ့ရပါတယ် ၊ သကြား ၊ ကစီဓာတ်၊ ဆန်၊ ဂျံု၊ ပြောင်း ၊ အာလူးတွေကို လျော့စား သင့်ပါတယ်။ ဒီဟာတွေ စားပါများရင် အရေပြားတင်မက ကိုယ်ခန္ဓာ တစ်ခုလုံးက မြန်မြန်အိုမင်းစေပါတယ် ။ အဲဒါတွေကို အစားအသောက်တွေနဲ့ ပြန်ပြီးတားဆီးလို့ ရပါတယ် ။ ဗီတာမင် အေ နဲ့ ဗီတာမင် စီ ပါတဲ့အစား အစာတွေစားပေးရပါမယ် ။နောက်တစ်ခါ Life Style ပေါ်မှာလည်း အများကြီးမူတည်ပြန်ပါသေးတယ် ၊စိတ်ဖိစီး မှုများရင် ၊ဒေါသခဏခဏဖြစ်ရင် ၊သောကခဏခဏရောက်နေရင်လည်း အရွယ်မတိုင်ခင် အိုမင်းမှုကိုဖြစ်စေပါ တယ်။

အခုလို အိုမင်းရင့်ရော်မှုတွေ အချိန်မတိုင်ခင်ဖြစ်တာတွေကို ထိန်းသိမ်းလို့ရပါတယ် ။Collagen ဆိုတဲ့ပရိုတိန်း တစ်မျိုး ရှိပါတယ် ၊ ဒီပရိုတိန်းက အရေပြားမှာ( ရ၅ ) ရာခိုင်နှုံးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ် ။ အိမ်ဆောက် တယ်ဆိုရင် တိုင်တွေ ထောက်ကြရသလို အရေပြားတင်းတင်းလေးဖြစ်ချင်တယ်ဆိုရင် အရေပြားအောက်က ထောက်ပေးတဲ့ ပစ္စည်း ဆိုတာ Collagen တွေကလုပ်ပေးရတာပဲဖြစ်ပါတယ် ။အသက် ၂၅ နှစ်ကျော်လာရင် အရေပြားမှာရှိတဲ့ Collagen လို့ခေါ်တဲ့ ပရိုတိန်းဟာ ( ရ၅ ) ရာခိုင်နှုံးရှိရာကနေ တစ်နှစ် တစ်နှစ်ကို တစ်ရာခိုင် နှုံး လျော့နေတော့ ပျက်စီးနေတော့ ၊ ကြာလေလေ အရေပြားကို မထောက်ပံ့နိုင်တော့လို့ အရေပြားတွဲကျလာပြီး အရေးကြောင်းတွေ ပေါ်လာပါတော့တယ် ။

ဒါတွေကိုကာကွယ်တားဆီးလို့လည်းရပါတယ် ၊ Collagenပျက်စီးတာကိုလျော့နည်းအောင် တားလို့ရတဲ့ အစား အစာကိုလည်းစားလို့ ရတယ်။ Collagenထွက်ကောင်းအောင် အားပေးတဲ့ အစားစာလည်းစားလို့ ရပါတယ်။ Collagen ထွက်တာကိုအားပေးတဲ့ အစားစာတွေကတော့ ဗိုက်တာမင်စီပါတဲ့ အစားသောက်မျိုးဖြစ်တဲ့့ အဆီ ရွမ်းတဲ့ဟာတွေ ၊ အရည်ရွမ်းတဲ့ အသီးတွေအပြင် ငရုပ်ပွသီး ၊ မာလကာသီးစသည်တို့ဖြစ်ပါတယ် ။ Collagen ပျက်စီးတာကိုနည်းစေတဲ့ အစားသောက်တွေကတော့  antioxidants ပါတဲ့ အစားသောက်တွေ ဖြစ်တဲ့ ဗီတာမင် A,B,C ပါတဲ့ အစားသောက်တွေကိုစားပေးမယ်ဆိုရင် သူက ကာကွယ်ပေးပါတယ် ။ Collagen ကို ဘယ်က ရမလဲဆိုရင် အသားတွေဖြစ်တဲ့ အမဲသား၊ ကြက်သား၊ ငါးတွေက ရပါတယ်။

အဲဒီတော့ အချိန်မတိုင်ခင် အိုမင်းရင့်ရော်လာတာပဲဖြစ်ဖြစ် ၊ သူ့အသက်အရွယ်နဲ့သူ ဇရာမထောင်းစေဖို့ ပျိုမြစ် နုပျိုသူများဖြစ်အောင် အနေအထိုင် အစားအသောက်တွေကို သင့်တင့်မျှတ ဖြည့်စွက်စားနိုင်အောင် နေထိုင်မှု ပုံစံသစ်များနဲ့ ကျန်းမာလှပသူများဖြစ်စေရန် ရည်ရွယ်ပြီး ရေးသားလိုက်ရပါတယ် ။    ။

သန့်ဇော် ( သန်လျင် )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly