အောင်လအန်ဆန် နေရပ်ပြန်၊ မြန်မာပရိသတ်အား နှုတ်ဆက်စကားဆို

အောင်လအန်ဆန် နေရပ်ပြန်၊ မြန်မာပရိသတ်အား နှုတ်ဆက်စကားဆို

အောင်လအန်ဆန်က အမေရိကပြန်တော့မှာဖြစ်တဲ့အတွက် မြန်မာပရိသတ်ကြီးကို နှုတ်ဆက်ခဲ့ပါတယ်တဲ့ ။

" မြန်မာပြည်က ပရိသတ်ကြီးခင်ဗျား။ မွေးရပ်မှာ အကြာကြီးနေချင်သေးပေမယ့် နောက်ထပ်စိန်ခေါ်ယှဉ်ပြိုင်မှုတွေအတွက် ခေတ္တပြန်လေ့ကျင့်ရပါဦးမယ်။ အမြဲကြိုးစားနေပါ့မယ်ခင်ဗျာ။ နောက်မှထပ်ဆုံကြတာပေါ့။ နှုတ်ဆက်ခဲ့ပါတယ်ဗျာ" လို့  လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

၂ ချီအတွင်းအနိုင်ယူမည်ဟု ကြွေးကြော်ထားသည့် မြန်မာ့စပါးကြီးမြွေ၊ အောင်လအန်ဆန်က ပွဲစပြီး ၊ ၃ မိနစ်ခန့်အတွင်း ၁ ချီမပြီးသေးမီ ပြိုင်ဘက်ဖြစ်တဲ့ Alain Ngalani (ကျားသစ်နက်)ကို အနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်။

မြန်မာ့စပါးအုံးလို့ အမည်ပေးအပ်ခြင်းခံထားရသည့် အသက် ၃၂ နှစ်အရွယ်ရှိ အောင်လအန်ဆန်းသည် ရုရှားကိုယ်ခံပညာစုံတိုက်ခိုက်ရေးကစားသမား ဗိုင်တာလီ ဘစ်ဂ်ဒတ်ရှ်နဲ့ စိတ်မကျေပွဲ ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ရာတွင် အမှတ်ဖြင့် အနိုင်ရယူကာ ONE Championship မစ်ဒယ်ဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ယခုအခါ MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်းက မြန်မာ့မြေတွင် ၄ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly