ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အောင်လအန်ဆန်အား ဂုဏ်ပြု

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အောင်လအန်ဆန်အား ဂုဏ်ပြု
(ဓာတ်ပုံ - MOI)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ နိုဝင်ဘာ ၅ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ရှိ ၎င်းရဲ့ နေအိမ်မှာ MMA (ကမ္ဘာ့ကိုယ်ခံ ပညာပေါင်းစုံ) One Hero’s Dream ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အောင်လ အန်ဆန်ကို လက်ခံတွေ့ဆုံခဲ့ပြီး ဂုဏ်ပြုအမှတ်တရ လက်ဆောင် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့တဲ့ One Championship Hero’s Dream Open Weight Super –Bout ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု Middle Weight တန်းမှ အောင်လအန်ဆန်က စိန်ခေါ်သူ Heavy Weight တန်း ကစ်ဘောင်ဆင် ကမ္ဘာ့ချန်ပီယံ အလိန်းဂါလာနီကို ပထမအချီ ၄ မိနစ် ၃၁ စက္ကန့်မှာ ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့ပါတယ်။

MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်းဟာ မြန်မာ့မြေမှာ ၄ပွဲဆက်တိုက် အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။

Ref; MOI

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly