မန်ယူကစားသမားဟောင်း ပက်ဂျီဆန်ကို ကျော်ဖြတ်ပြီး ဆွန်ဟောင်မင် ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး အာရှကစားသမားဖြစ်လာ

မန်ယူကစားသမားဟောင်း ပက်ဂျီဆန်ကို ကျော်ဖြတ်ပြီး ဆွန်ဟောင်မင် ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး အာရှကစားသမားဖြစ်လာ
(ဓာတ်ပုံ - အီးပီအေ)

စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ နိုဝင်ဘာ ၅ ရက် တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရတဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူပေးပြီးနောက် ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး အာရှကစားသမားဖြစ်လာတယ်လို့ သိရပါတယ်။

စပါးအသင်းမှာ ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်သွင်းဂိုး (၂၀)ဂိုးအထိ ရှိလာပြီး မန်ယူကစားသမားဟောင်း ပက်ဂျီဆန်ကို (၁)ဂိုးအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

“ဒါဟာ အလွန်အရေးပါတဲ့ နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။”လို့ ဆွန်က ပြောပါတယ်။ “ဒီစံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက် ကျနော် အရမ်း ပျော်ရွှင်မိပါတယ်။ ကျနော်မိသားစုကလည်း ဒီမှာ ရှိနေပြီး ဒါဟာ ကျနော်အတွက် စပယ်ရှယ်နေ့တစ်နေ့ဖြစ်ပါတယ်။”

ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး အာရှကစားသမား (၁၀)ဦး စာရင်းကို ဖော်ပြလိုက်ပါတယ်။

ကစားသမား နိုင်ငံ ဂိုး ပွဲ
ဆွန်ဟောင်မင် တောင်ကိုရီးယား ၂၀ ၇၂
ပက်ဂျီဆန် တောင်ကိုရီးယား ၁၉  ၁၅၄
ကီဆောင်ယွန် တောင်ကိုရီးယား ၁၃ ၁၄၅
အိုကာဇာကီ ဂျပန် ၁၂ ၇၅
လီချန်ယွန်း တောင်ကိုရီးယား ၁၀၀
ကာဂါ၀ါ ဂျပန် ၃၈
ယိုရှီဒါ ဂျပန် ၁၁၄
ဆိုးလ်ကီဟွန် တောင်ကိုရီးယား  ၄၈
ဒီဂျာဂတ် အီရန် ၄၃ 
အီနာမိုတို ဂျပန် ၆၆

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly