အသင်းပရိသတ်ကို ခြေထောက်နဲ့ကန်ခဲ့တဲ့ အီဗရာ

အသင်းပရိသတ်ကို ခြေထောက်နဲ့ကန်ခဲ့တဲ့ အီဗရာ

 

နို်ဝင်ဘာ ၃၊  မာဆေးလ်။           ။ မာဆေးလ်အသင်းဝါရင့်ကစားသမား ပက်ထရစ်အီဗရာမှာ ပေါ်တူဂီကလပ်အသင်း ဂွီမာရက်စ်နှင့်ကစားရမည့် ယူရိုပါလိဂ်ပွဲစဉ်မတိုင်မီ အသင်းပရိသတ်ကို   ခြေထောက်ဖြင့် ကန်ခဲ့သည်။

မန်ယူ၊ဂျုဗင်တပ်အစရှိသည့်ထိပ်တန်းကလပ်အသင်းများတွင်ကစားခဲ့ဖူးသော ဝါရင့်ကစားသမား အီဗရာမှာ ယခုနှစ်ဘောလုံးရာသီတွင် မာဆေးလ်အသင်း၌ ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရပြီးပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်နေရသည်။

ဂွီမာရက်စ်အသင်းနှင့်ကစားရမည့် ယူရိုပါလိဂ်ဝေးကွင်းပွဲစဉ်မတိုင်မီ မာဆေးလ်အသင်းသားများ သွေးပူလေ့ကျင့်ခန်းပြုလုပ်နေချိန်၌ ပရိသတ်တစ်ဦးကွင်းထဲဆင်းလာကာ အီဗရာကို ရန်စပြောဆိုခဲ့သည်။ ထိုစဉ် အီဗရာက ချက်ချင်းတုံ့ပြန်ခဲ့ပြီး ယင်းပရိသတ်ကို ခြေထောက်ဖြင့် ခုန်ကန်ခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မာဆေးလ်အသင်းနည်းပြ ရူဒီဂါစီယာက ဒီဖြစ်ရပ်အကြောင်း ကျွန်တော်ချက်ချင်းသတင်းရတယ်။ ဒါပေမယ့် ကျွန်တော်မမြင်ခဲ့ရဘူး။ ကျွန်တော်က အခင်းဖြစ်ချိန် အဝတ်လဲခန်းထဲရောက်နေတာပါ။ ကျွန်တော့်အမြင်အရ နှစ်ခုပြောချင်ပါတယ်။ အတွေ့အကြံုအရ အီဗရာဒါမျိုးမလုပ်သင့်ဘူး။ အီဗရာကိုရန်စတဲ့ပရိသတ်ကိုလည်းမေးချင်ပါတယ်။ ခင်ဗျား မာဆေးလ်ပရိသတ် မဟုတ်ဘူးလား။ ဟု ပြောခဲ့သည်။

ယခုဖြစ်ရပ်အတွက် အီဗရာမှာ ယူအီးအက်ဖ်အေ၏ အပြစ်ပေးအရေးယူမှုနှင့်ရင်ဆိုင်ရမည်ဖြစ်သလို မာဆေးလ်အသင်းကလည်းဖြစ်စဉ်ကို စုံစမ်းကာ အီဗရာကိုအရေးယူမည်ဟု ကြေငြာထားသည်။

Ref: Daily Mail

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly