ချယ်လ်ဆီးတွင် ပွဲထွက်တိုက်စစ်မှူးအဖြစ် ကစားနေရခြင်းကို ကျေနပ်မိသည်ဟု မိုရာတာ ဆို

ချယ်လ်ဆီးတွင် ပွဲထွက်တိုက်စစ်မှူးအဖြစ် ကစားနေရခြင်းကို ကျေနပ်မိသည်ဟု မိုရာတာ ဆို

နိုဝင်ဘာ ၃၊ လန်ဒန်။             ။ ရီးယဲလ်မက်ဒရစ်အသင်းမှ ချယ်လ်ဆီးသို့ ပြောင်းရွှေ့ကြေး ပေါင်သန်းရ၀ဖြင့် ပြောင်းရွှေ့လာသော စပိန်တိုက်စစ်မှူး မိုရာတာက ချယ်လ်ဆီးအသင်းတွင် ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရနေခြင်းကို ကျေနပ်မိသည်ဟု ပြောသည်။

မိုရာတာမှာ ကမ္ဘာ့ထိပ်သီးကလပ်အသင်းများဖြစ်သော ဂျုဗင်တပ်၊ ရီးယဲလ်မက်ဒရစ်စသည့် ကလပ်အသင်းများတွင်ကစားခဲ့ဖူးပြီး ချန်ပီယံဆုတံဆိပ်များစွာရယူနိုင်ခဲ့သူဖြစ်သည်။ သို့သော် မိုရာတာမှာ အဆိုပါအသင်းများတွင် ပုံမှန်ပွဲထွက်ခွင့်မရပဲ ပြီးခဲ့သည့်ဘောလုံးရာသီက ရီးယဲလ်အသင်းအတွက် ဂိုး၂၀သွင်းယူနိုင်သော် ပွဲထွင်ကစားသမားအဖြစ် ၁၄ပွဲသာ ကစားခွင့် ရခဲ့သည်။ ကျွန်တော့်ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ ငါးပွဲဆက်ပွဲထွက်ခွင့်ရတာ ဒါပထမဆုံးပဲ။ ဒီအတွက်ကျေနပ်တယ်။ ကျွန်တော် ချယ်လ်ဆီးကိုပြောင်းလာတာ ကွန်တီကြောင့်ပါ။ သူ့လက်အောက်မှာ ကစားခွင့်ရနေချိန်တိုင်း ဂုဏ်ယူမိပါတယ်။ ဟု မိုရာတာကဆိုသည်။

စပိန်လက်ရွေးစင်တိုက်စစ်မှူး မိုရာတာမှာ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်(၈)ပွဲ စလုံးပွဲထွက်ခွင့်ရထားပြီး ခုနှစ်ဂိုးသွင်းယူထားနိုင်သည်။ အသက် ၂၅နှစ်အရွယ်တိုက်စစ်မှူး မိုရာတာမှာ စပိန်လက်ရွေးစင်အသင်းအတွက်လည်း ၂၂ပွဲကစားပြီး ၁၂ဂိုးသွင်းယူထားနိုင်သည်။

Ref: Goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly