အိုင်အက်စ်ဂျီဟတ်ဝါဒီများ၏ နောက်ဆုံးခံကတုပ်အား အီရတ်တပ်များ ထိုးစစ်ဆင်

အိုင်အက်စ်ဂျီဟတ်ဝါဒီများ၏ နောက်ဆုံးခံကတုပ်အား အီရတ်တပ်များ ထိုးစစ်ဆင်

ဘဂ္ဂဒက်၊ အောက်တိုဘာ ၃၀ ။           ။ အီရတ်နိုင်ငံတွင် အစ္စလာမ်မစ်နိုင်ငံ ထူထောင်ကြေညာထားသည့် အိုင်အက်စ် အကြွင်းအကျန်များကို အီရတ်တပ်ဖွဲ့ဝင်များ တိုက်ထုတ်လျက်ရှိပြီး စစ်အခြေစိုက်စခန်းများနှင့် ကျေးရွာများကို အိုင်အက်စ်အုပ်စုထံမှ ပြန်လည်သိမ်းပိုက်နိုင်သည်။

“နောက်ဆုံးစစ်ပွဲကြီး” ဟု အမည်ပေးထားသည့် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်များ၏ အိုင်အက်စ်အား အမြစ်ဖြတ်ရှင်းလင်းရေး ထိုးစစ်များ စတင်ချိန်မှာပင် အီရတ်တပ်ဖွဲ့များမှာ ကာ့ဒ်တပ်များနှင့် စစ်ရေးထိပ်တိုက်ဆိုင်နေချိန်လည်း ဖြစ်သည်။

အိုင်အက်စ်ချေမှုန်းရေး စစ်ပွဲအတွက် အဟန့်အတား ဖြစ်နိုင်နေသော ပြီးခဲ့သည့်လအတွင်းက ကာဒစ္စတန် လွတ်လပ်ရေးဆန္ဒခံယူပွဲ ကျင်းပလိုက်ချိန်မှစကာ ဘဂ္ဂဒက်အစိုးရနှင့် အီရတ်ကာ့ဒ်ခေါင်းဆောင်များကြား မကျေမလည် ရှိနေခဲ့သည်။

ကုလသမဂ္ဂလုံခြံုရေးကောင်စီက အီရတ်နှင့် ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ခေါင်းဆောင်များအနေဖြင့် ပဋိပက္ခအဆုံးသတ်ရေးအတွက် ဆွေးနွေးပွဲများ ရေးဆွဲအကောင်အထည်ဖော်ရန် အောက်တိုဘာ ၂၆ ရက်က တိုက်တွန်းခဲ့သည်။

အီရတ်တပ်များသည် ၂၀၀၃ ခုနှစ် အမေရိကန်ဦးဆောင်သော ကျူးကျော်မှုအချိန်ကစပြီး ဒုစရိုက်နယ်မြေအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဆွန်နီအာရပ်မြို့နှစ်မြို့အား ပြန်လည်သိမ်းပိုက်ရေးအတွက် ဆီးရီးယားနယ်စပ်သို့ ဦးတည်သော Euphrates တောင်ကြားသို့ စစ်ချီသည်။

“အီရတ်မှာ အိုင်အက်စ်ရဲ့ နောက်ဆုံးခံကတုတ်ဖြစ်နေတာ ဒီဒေသ လွတ်မြောက်ရေး တပ်ချီမှာ ဖြစ်ပါတယ်။”ဟု အိမ်နီးချင်း အီရန်သို့ တရားဝင်အလည်အပတ်ရောက်နေသည့် သမ္မတ ဟိုင်ဒါအဘာဒီက ထုတ်ပြန်သည်။

“အိုင်အက်စ်တွေအနေနဲ့ ရွေးချယ်စရာ မရှိတော့ဘူး။ အသေခံရင် ခံ မဟုတ်ရင် လက်နက်ချဖို့ပဲ ရှိတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly