ကက်တာလိုနီးယား မခွဲထွက်ရေး စပိန်ပြည်သူ ထောင်သောင်းများစွာ ချီတက်ဆန္ဒပြ

ကက်တာလိုနီးယား မခွဲထွက်ရေး စပိန်ပြည်သူ ထောင်သောင်းများစွာ ချီတက်ဆန္ဒပြ

 

ဘာစီလိုနာ၊ အောက်တိုဘာ ၃၀ ။          ။ ကက်တာလိုနီးယား၏ မြို့တော် ဘာစီလိုနာတွင် စပိန်ပြည်သူ ထောင်သောင်းများစွာက နိုင်ငံတော်အလံနှင့် ဥရောပအလံများကို ကိုင်ဆောင်ဝှေ့ယမ်းလျက် ချီတက်ဆန္ဒပြပြီး စပိန်မှ ကက်တလန်ဒေသခွဲထွက်ရေးကို မဲပေးသည့် ဌာနေလွှတ်တော်အမတ်များကိုလည်း ရှုတ်ချကြသည်။

လူလှိုင်းလုံးကြီးသဖွယ် တအိအိ ချီတက်လာသော ဆန္ဒပြသူများက သီချင်းများ သံပြိုင်ဆိုကာ လက်ခုပ်သြဘာများ တီးလျက် ဘာစီလိုနာ လမ်းများတစ်လျှောက် ချီတက်ကြကာ အနီနှင့် အဝါခြယ် စပိန်အလံများဖြင့် လူပင်လယ်ပြင်ကြီး ဖြစ်သွားသည်။

မြို့တော်ရဲဌာနက ဆန္ဒပြလူအုပ်သည် အင်အား သုံးသိန်ကျော်မည်ဟု ခန့်မှန်းသော်လည်း ပွဲစီစဉ်သူများက အင်အား ၁ ဒဿမ ၃ သန်း ရှိဖြစ်ကြောင်း ဆိုသည်။ ကက်တာလိုနီးယားရှိ အစိုးရကိုယ်စားလှယ်များကမူ လူအင်အား တစ်သန်းလောက်သာ ရှိမည်ဟု ပြောသည်။

အောက်တိုဘာ ၂၇ ရက်က ကက်တလန်ဌာနေ ပါလီမန်တွါင် ခွဲထွက်ရေးသမားများက လူဦးရေ ၇ ဒဿမ ၅ သန်း ရှိသော ချမ်းသာသည့် အရှေ့မြောက်ပိုင်း ကက်တလန်ဒေသကို လွတ်လပ်သောနိုင်ငံအဖြစ် ကြေညာကြောင်း မဲပေးခဲ့ရာမှစကာ စပိန်နိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း အကြီးဆုံးနိုင်ငံရေးကပ်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

ဝန်ကြီးချုပ် မာရီယာနိုဂျာဂျိုင်း၏ ဗဟိုအစိုးရက ကက်တာလိုနီးယားဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဌာန်းထားခြင်းကို ယာယီရုပ်သိမ်းလိုက်ကာ ယင်းဒေသ၏ သမ္မတ ကားလ်ပိုက်ဒီမောင့်နှင့် အုပ်ချုပ်ရေးအဖွဲ့ကို ဖယ်ရှားလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly