ဆီးရီးယားစစ်တပ်နှင့် IS အဖွဲ့ကြားမှ တိုက်ပွဲများကြောင့် ရ၃ဦးထက်မနည်း သေဆုံး

ဆီးရီးယားစစ်တပ်နှင့် IS အဖွဲ့ကြားမှ တိုက်ပွဲများကြောင့် ရ၃ဦးထက်မနည်း သေဆုံး

ဘေရွတ်၊ လက်ဘနွန်၊ အောက်တိုဘာ ၂၉ ။            ။ ဆီးရီးယားစစ်တပ်နှင့် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့ကြား ဒီအာအက်ဇာမြို့၌ ဖြစ်ပွားနေသော ပြင်းထန် သည့်တိုက်ပွဲများကြောင့် ၂၄နာရီအတွင်း သေဆုံးသည့်တပ်သားအရေအတွက် ၇၃ဦးထက်မနည်း ရှိလာပြီဖြစ် ကြောင်း စောင့်ကြည့်လေ့လာသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံအရှေ့ပိုင်းရှိ ဒီအာအက်ဇာခရိုင်၏မြို့တော်ဖြစ်သော ဒီအာအက်ဇာမြို့၏ နယ်မြေအများအပြား ကို ဆီးရီးယားစစ်တပ်က ထိန်းချုပ်ထားပြီး စနေနေ့က စတင်တိုက်ခိုက်ခဲ့သော IS တို့ကို တုံ့ပြန်သည့်အနေဖြင့် ထိုးစစ်ဆင်နွှဲလျက်ရှိကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောခဲ့သည်။

ပြီးခဲ့သော စနေနေ့ကဖြစ်ပွားခဲ့သည့် ပြင်းထန်သောတိုက်ပွဲများကြောင့် IS တပ်သား ၅၀ ထက်မနည်းသေဆုံးခဲ့ ပြီး ဆီးရီးယားစစ်သား ၂၃ဦးခန့် သေဆုံးခဲ့ကြောင်း ထိုစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောခဲ့သည်။

“IS အဖွဲ့ဟာ ဒီမြို့နဲ့ ယူဖရေးတီးမြစ်နားကြားမှာရှိတဲ့ နယ်မြေအတွင်းမှာ ဝိုင်းဝန်းပိတ်ဆို့ခံထားရပါတယ်” ဟု ထိုအဖွဲ့မှ အကြီးအကဲဖြစ်သူ အက်ဘ်ဒယ်ရာမန်က ပြောခဲ့သည်။

IS အဖွဲ့သည် လွန်ခဲ့သော ၃ နှစ်ခန့်က ဒီအာအက်ဇာမြို့၏ နယ်မြေအတော်များများကို ထိန်းချုပ်ထားနိုင်ခဲ့သော် လည်း နောက်ပိုင်းတွင် ယင်းနယ်မြေများအားလုံး အစိုးရ၏လက်အောက်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

စက်တင်ဘာလအစောပိုင်းက IS တု့ိ၏ခံတပ်ကို အစိုးရကထိုးစစ်ဆင်ကာ ထိုးဖောက်ခဲ့ပြီး ထို့နောက်တွင် မြို့တစ်ခုလုံးအား ဂျီဟတ်ဝါဒီများလက်အောက်မှ လွတ်မြောက်စေရန် ဆက်လက်ကြိုးပမ်းလျက်ရှိသည်။

စနေနေ့ကဖြစ်ပွားခဲ့သော တိုက်ပွဲသည် အစိုးရအဖွဲ့မှ IS တို့၏ခံတပ်အား ထိုးဖောက်ခဲ့စဉ်အတွင်း အပြင်းထန် ဆုံး တိုက်ပွဲတစ်ခုဖြစ်ကြောင်း အက်ဘ်ဒယ်ရာမန်ကပြောခဲ့ပြီး တိုက်ပွဲများသည် တနင်္ဂနွေနေ့အထိ ဆက်လက် ဖြစ်ပွားနေကာ ဆီးရီးယားအစိုးရ၏ မဟာမိတ်ဖြစ်သော ရုရှားအစိုးရက စစ်သားများကိုကူညီရန်အတွက် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

အီရတ်နယ်စပ်အနီးရှိ ရေနံပေါကြွယ်ဝသော ဒီအာအက်ဇာခရိုင်သည် တစ်ချိန်က IS တို့၏ အမာခံနယ်မြေဖြစ် သော်လည်း အမေရိကန်ကျောထောက်နောက်ခံပေးထားသော ကာ့ဒ်အာရပ်ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့  များနှင့် အစိုးရစစ်တပ်တို့၏ ထိုးစစ်ဆင်မှုများကြောင့် နယ်မြေအများစုကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags