နီပေါတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး မြစ်ထဲထိုးကျခဲ့၍ ၁၉ ဦးထက်မနည်း သေဆုံး

နီပေါတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး မြစ်ထဲထိုးကျခဲ့၍ ၁၉ ဦးထက်မနည်း သေဆုံး

 

အောက်တိုဘာ ၂၈ ။                ။ လူအပြည့်အကျပ် တင်ဆောင်မောင်းနှင်လာခဲ့ဲတဲ့ ဘတ်စ်ကားတစ်စီး အရှိန်လွန်ပြီး မြစ်တစ်ခုထဲ ထိုးကျသွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု နီပေါနိုင်ငံမှာ အောက်တိုဘာ ၂၈ ရက်က ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၉ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

မြို့တော် ခတ္တမန္တူ ရဲ့ အနောက်ဘက် မိုင် ၅၀ အကွာ ဒါဒင်း ခရိုင်ဒေသမှာ ယခု ဖြစ်စဉ် ဖြစ်ပွားသွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

" ယာဉ်မတော်တဆမှုဖြစ်ပွားတဲ့ နေရာကနေ ရုပ်အလောင်း ၁၉ လောင်း ကျွန်တော်တို့ ပြန်ဆယ်ယူရရှိထားပါပြီ၊ တော်တော်များများ ပျောက်နေသေးတယ်လို့ သိရပါတယ်၊ ဒီကားမှာ လူဘယ်နှစ်ယောက်လိုက်လာသလဲ အတိအကျတောင် မသိရသေးပါဘူး" ဆိုပြီး ဒေသရဲတပ်ဖွဲ့အကြီးအကဲ ဒါရူဘာ ရိုင်ရော့တ်က ပြောပါတယ်။

ဒါ့အပြင် ယခုဖြစ်စဉ်မှာ လူ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး နီးစပ်ရာဆေးရုံများသို့ တင်ပို့ထားရကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ယခုလို ဘတ်စ်ကားမတော်တဆမှုဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း အာဏာပိုင်တွေက ပြောထားပေးမယ့်လည်း ခရီးသည်တစ်ချို့ရဲ့ ပြန်ပြောပြမှုအရ ဒရိုင်ဘာဖြစ်သူမှာ အရက်မူးပြီး မောင်းနှင်ခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly