၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပေးအပ်ချီးမြှင့်မယ့် ဆုကြေးငွေ ဒေါ်လာ သန်း ၄၀၀ အထိ ရှိ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပေးအပ်ချီးမြှင့်မယ့် ဆုကြေးငွေ ဒေါ်လာ သန်း ၄၀၀ အထိ ရှိ
(ဓာတ်ပုံ - အီးပီအေ)

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ချီးမြှင့်မယ့် ဆုကြေးငွေကို စုစုပေါင်း ဒေါ်လာ သန်း ၄၀၀ အထိ ပေးအပ်ရန် သတ်မှတ်လိုက်တာကြောင့် ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းထက် ၁၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖီဖာဘောလုံးအဖွဲ့ချုပ်က သောကြာနေ့က ပြောပါတယ်။

ဖီဖာ အသက် ၁၇ နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို စနေနေ့အဖြစ် အချိန်သတ်မှတ်ခဲ့တဲ့ အစည်းအဝေးပွဲမှာ ဖီဖာက အဆိုပါဆုကြေးငွေ တိုးမြှင့်ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

“ဖီဖာရဲ့ နည်းဗျူဟာရေးဆွဲရေးအဖွဲ့က ရုရှားမှာ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဆုကြေးငွေ စုစုပေါင်း ဒေါ်လာသန်း ၄၀၀ သို့ တိုးမြှင့်မှုကို အတည်ပြုခဲ့ပါတယ်။ ဒါဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ပေးအပ်တဲ့ ဆုကြေးငွေ ဒေါ်လာ ၃၅၈ သန်းထက် ပိုမိုများပြားပြီး ၁၂ ရာခိုင်နှုန်းအထိ တိုးမြှင့် ချီးမြှင့်မှာဖြစ်ပါတယ်။”လို့ ဖီဖာက ၎င်းရဲ့ ဝက်ဘ်ဆိုက်မှာ ကြေညာခဲ့ပါတယ်။

ဒီပြင်အနေနဲ့ ၂၀၁၈ ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရပ်စော်ဘွားများပြည်ထောင်စုက ဒီဇင်ဘာလ ၁၂ ရက်မှ ၂၂ ရက်ကြား အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ သတ်မှတ်ထားပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly