ပုဒ်မ ၁၇/၁ အပါအဝင် အချို့ဥပဒေများ ရပ်ဆိုင်းရန် အမေရိကန်သံရုံး ထုတ်ပြန်

ပုဒ်မ ၁၇/၁ အပါအဝင် အချို့ဥပဒေများ ရပ်ဆိုင်းရန် အမေရိကန်သံရုံး ထုတ်ပြန်

အောက်တိုဘာ ၂၇ ။         ။ ရှမ်းပြည်နယ် မုံးကိုးမြို့မှ သင်းထောက်ဆရာ၂ ဦးအား မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ အပါအဝင် ထောင်ဒဏ် ချမှတ်ခဲ့အပြီး အဆိုပါ ဥပဒေများရပ်ဆိုင်းရန် အမေရိကန်သံရုံးမှ ယနေ့ ထုတ်ပြန်ပန်ကြားလိုက်သည်။

သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်ကို ထောင်ဒဏ် ၄ နှစ်နှင့် ၃ လ ဦးလန်ဂျော်ဂမ်ကို ထောင်ဒဏ် ၂ နှစ်နှင့် ၃ လထိ အောက်တိုဘာလ ၂၇ ရက်နေ့ လားရှိူးမြို့နယ် တရားရုံးမှ အမိန့်ချမှတ်လိုက်သည့်အပေါ် ယင်းကဲ့သို့ ပန်ကြားစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဦးဒွမ်ဒေါ့နောင်လတ်ကို မတရားအသင်း ဆက်သွယ်မှု ပုဒ် ၁၇/၁၊ ဂုဏ်သရေ ညိုးနွမ်းမှုဆိုင်ရာ ဥပဒေ ပြန်ဆက် ပုဒ်မ ၅၀၀ နှင့် ပို့ကုန်သွင်းကုန် အက်ဥပဒေ ပုဒ်မ ၈တို့ဖြင့် ထောင်ဒဏ် ၄ နှစ်နှင့် ၃ လ ချမှတ်ခဲ့ရာ ဦးလန်ဂျော်ဂမ်ကိုမူ မတရားအသင်း ဆက်သွယ်မှု ပုဒ် ၁၇/၁နှင့် ပို့ကုန်သွင်းကုန် အက်ဥပဒေ ပုဒ်မ ၈ တို့ဖြင့် ထောင်ဒဏ် ၂ နှင့် ၃ လစီ အသီးသီးချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြစ်ဒဏ်ချမှုအပေါ် အမေရိကန်သံရုံးက စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပြီး သတင်းထောက်များ သတင်းလာရောက်ရယူသည့်အပေါ် ကူညီခဲ့အပြီး ထိန်းသိမ်းခံရမှုကြောင့် စိုးရိမ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ မတရားသင်းဆက်သွယ်မှုအပါအဝင် အခြားဥပဒေများသုံးစွဲခြင်း ရပ်ဆိုင်းရန် ပန်ကြားလိုက်ပြီး ယုံကြည်မှုကိုတည်ဆောက်ကာ ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးလမ်းကြောင်းလျှောက်လှမ်းရန် ပန်ကြားလိုက်ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မိုးကိုးမြို့ ဗျူဟာကုန်းအနီးတွင် သူတို့ နှစ်ဦး ပျောက်ဆုံးခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သူတို့နှစ်ဦးသည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)အတွက် ငွေကြေး ထောက်ပံ့ ကူညီပေးခြင်း၊ အသင်းပေးခြင်း၊ လူသစ် စုဆောင်ပေးခြင်းနှင့် မဟုတ်မမှန် လှုပ်ကြံဝါဒ ဖြန့်ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးထားသည်ဟု တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်ရုံးက တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly