အမေရိကန်ရဲ့ ရည်ရွယ်ချက်က မြောက်ကိုရီးယားနဲ့ စစ်ဖြစ်ဖို့ မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီး မက်တစ်ပြော

အမေရိကန်ရဲ့ ရည်ရွယ်ချက်က မြောက်ကိုရီးယားနဲ့ စစ်ဖြစ်ဖို့ မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီး မက်တစ်ပြော

 

အောက်တိုဘာ ၂၇ ။       ။ ဝါရှင်တန်အစိုးရမှာ ရှိနေတဲ့ ရည်ရွယ်ချက်က မြောက်ကိုရီးယားနဲ့အကြား စစ်ပွဲဆင်နွှဲဖို့မဟုတ်ဘူးဆိုပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ်က အောက်တိုဘာ ၂၇ ရက်မှာ ပြောကြားလိုက်ပါတယ်။ လက်ရှိအချိန်မှာ မြောက်ကိုရီးယားနဲ့ စစ်ဖြစ်ဖို့ ရည်ရွယ်လုပ်ဆောင်နေခြင်းမရှိဘဲ ယင်းနိုင်ငံနဲ့အကြား စစ်ရေးတင်းမာမှုတွေကိုသာ လျော့ပါးစေဖို့ကိုပဲ ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ကိုရီးယားနှစ်နိုင်ငံအကြားနယ်စပ်နေရာကို ရောက်ရှိလာတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောကြားပါတယ်။

ပြီးခဲ့တဲ့ကာလတွေတုန်းကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့အကြား စစ်ပွဲတစ်ခုဆီ ဦးတည်သွားနိုင်တဲ့ စကားနဲ့တိုက်ခိုက်ပြောဆိုမှုတွေ ဖြစ်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်ဒေသမှာ တင်းမာမှုတွေ မြင့်တက်သထက် မြင့်တက်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက နှစ်နိုင်ငံနယ်စပ်သို့ သွားရောက်စဉ် ယခုလို ပြောကြားသွားတာဖြစ်ပါတယ်။

မြောက်ကိုရီးယားအရေးကိစ္စမှာ အမေရိကန်တို့အနေနဲ့ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

" ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီး တီလာဆန် ကလည်း ပြောထားပြီးသားပါ၊ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က စစ်ပွဲဖြစ်ဖို့မဟုတ်ပါဘူး၊ ကိုရီးယားကျွန်းဆွယ်မှာ လုံ့၀ တည်တံ့စိတ်ချရမယ့် နျူကလီးယားကင်းစင်သွားရေးဘက်ကိုသာ ဦးတည်နေတာဖြစ်ပါတယ်" လို့ ဂျိမ်းစ် မက်တစ်က ပြောသွားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly