လိဂ်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်များ ထွက်ပေါ်၊ လက်ရှိချန်ပီယံ မန်ယူ အသင်းငယ်နှင့် တွေ့ဆုံ

လိဂ်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်များ ထွက်ပေါ်၊ လက်ရှိချန်ပီယံ မန်ယူ အသင်းငယ်နှင့် တွေ့ဆုံ
(ဓာတ်ပုံ - Carabao Cup)

အင်္ဂလန်လိဂ်ဖလား (ကာရာဘောင်) ကွာတားဖိုင်နယ် ပွဲစဉ်များ မဲနိုက်ရွေးချယ်ခဲ့ရာ  လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းမှာ ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးလ်စီးတီးနှင့် တွေ့ဆုံခဲ့တာကြောင့် ပွဲချောင်တယ်လို့ဆိုရမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ဝက်စ်ဟမ်း၊ လက်စတာစီးတီးက အိမ်ကွင်းမှာ မန်ချက်စတာစီးတီးနှင့် တွေ့ဆုံပြီး ချယ်လ်ဆီးက ဘုန်းမောက်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

မဲနှိုက်ရွေးချယ်ရာမှုကို Twitter ပေါ် တိုက်ရိုက်ထုတ်လွှင့်ရန် ကြိုးစားရာမှာ နည်းပညာဆိုင်ရာ ပြဿနာများကြောင့် ပရိသတ်များအနေဖြင့် ၂ နာရီနီးပါး စောင့်ဆိုင်းခဲ့ရပြီး နောက်ဆုံးမှာ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်ကအဖြစ်သာ ပြသခဲ့တယ်လို့ သိရပါတယ်။

အင်္ဂလန်ဘောလုံးလိဂ်အဖွဲ့ချုပ်နှင့် Twitter က အခုလို ၁ နာရီနဲ့ ၄၅ မိနစ်အထိ ထုတ်လွှင့်ရန် နောက်ကျမှုအတွက် တောင်းပန်ခဲ့ပါတယ်။

ကွာတာဖိုင်နယ်ပွဲစဉ်အားလုံးကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကစားသွားမယ်လို့ သိရပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly