အစွန်းရောက်များ ရှိနေ၍ ပါကစ္စတန် တည်ငြိမ်မှု မရှိခြင်းအတွက် စိုးရိမ်မိဟု အမေရိကန်ပြော

အစွန်းရောက်များ ရှိနေ၍ ပါကစ္စတန် တည်ငြိမ်မှု မရှိခြင်းအတွက် စိုးရိမ်မိဟု အမေရိကန်ပြော

နယူးဒေလီ၊ အောက်တိုဘာ ၂၅ ။              ။ ပါကစ္စတန်ကို အစွန်းရောက်များ ရှိနေခြင်း အရင်းခံကြောင့် ယင်းနိုင်ငံ၏ မတည်မငြိမ်ဖြစ်မှုကို အမေရိကန်အနေဖြင့် စိုးရိမ်ပူပန်ကြောင်း
နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တေလာဆန်က အောက်တိုဘာ ၂၅ ရက်တွင် ပြောသည်။

အစွန်းရောက်အဖွဲ့များသည် တစ်ခါတစ်ရံ အိမ်နီးချင်းနိုင်ငံများကို တိုက်ခိုက်ရာတွင် ပါကစ္စတန်မှ ခြေကုပ်ယူကြောင်း ယင်းက ပြောသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူရှာမာစာဝါရတ်နှင့် တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ယင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။

“ပါကစ္စတန် အစိုးရရဲ့ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကိုလည်းပဲ ကျွန်တော်တို့ စိုးရိမ်မိပါတယ်။”ဟု ပါကစ္စတန်သို့ သွားရောက်ခဲ့ပြီးနောက် နောက်တစ်ရက်မှာပင် ၎င်းက ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။

ပါကစ္စတန်က အစွန်းရောက်အဖွဲ့များသည် ပါကစ္စတန်နယ်စပ်တစ်လျှောက် ၎င်းတို့၏ အရေအတွက်နှင့် အင်အားစွမ်းရည်ကို တိုးချဲ့လျက်ရှိနေကြောင်းလည်း ၎င်းက
သတိပေးသည်။
ယင်းက ပါကစ္စတန်၏ နိုင်ငံတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်လာနိုင်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags