မုံရွာတွင် ဆရာဝန်တစ်ဦးထံက စိတ်ကြွဆေးပြားများ ဖမ်းမိ

မုံရွာတွင် ဆရာဝန်တစ်ဦးထံက စိတ်ကြွဆေးပြားများ ဖမ်းမိ

 

မုံရွာ၊ အောက်တိုဘာ ၂၅။                 ။ မုံရွာမြို့တွင် အောက်တိုဘာ ၂၃ ရက်နေ့က ပုဂ္ဂလိကဆေးခန်းတစ်ခန်းမှ ဆရာဝန်တစ်ဦးနှင့် ၎င်းဆေးခန်းမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။

မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ ပုဂ္ဂလိကဆေးခန်းတစ်ခန်းမှ ဆရာဝန်တစ်ဦးနှင့် ဆေးခန်းမန်နေဂျာတို့အား မုံရွာ-မန္တလေးကားလမ်း၊ မြေးနဲကျေးရွာအနီး တိုးဂိတ်တွင် စောင့်ဆိုင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

မန္တလေးဘက်မှ မုံရွာမြို့သို့မောင်းနှင်လာသော Mazda 2 အမျိုးအစား၊ အနီရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ၎င်းယာဉ်ပေါ်မှ ဆေးခန်းမန်နေဂျာနှင့် ဆရာဝန်တစ်ဦးတို့အားတွေ့ရှိခဲ့ရပြီး ပန်းရောင်စိတ်ကြွဆေးပြား (၂၀)ပြားအား တွေ့ရှိခဲ့ရသည်။

အဆိုပါ ဆရာဝန်၏ထွက်ဆိုချက်အရ မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ ၎င်း၏ဆေးခန်းတွင် စိတ်ကြွဆေးပြားများ ကျန်ရှိနေသေးကြောင်း သိရှိရသဖြင့် မူးရစ်ဆေးဝါးရှာဖွေခွင့် ဝရမ်းအမှတ် (၁၀/၂၀၁၇) ဖြင့် သွားရောက် ရှာဖွေခဲ့ရာ အားကစားခန်းမအတွင်းမှ စိတ်ကြွဆေးပြား(၉၅)ပြား၊ ကာလတန်ဖိုး(၄၇၅၀၀၀)ကျပ် အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ 

ယင်းကြောင့် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ဆေးခန်းမန်နေဂျာနှင့် ဆရာဝန်တို့အား မုံရွာမြို့မရဲစခန်း (ပ) ၂၀/၂၀၁၇၊ မူး/စိတ် ၁၅/၁၉(က)/ ၂၀(က)/၂၁ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly