Caraboa ဖလားပြိုင်ပွဲ၏ Mitre ဘောလုံးကို မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဝေဖန်

Caraboa ဖလားပြိုင်ပွဲ၏ Mitre ဘောလုံးကို မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဝေဖန်

 

အောက်တိုဘာ ၂၅၊ အင်္ဂလန် ။                        ။ Caraboa ဖလားပြိုင်ပွဲတွင် ဝုဗ်အသင်းအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီးနောက် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြိုင်ပွဲတွင်အသုံးပြုသည့် Mitre ဘောလုံးမှာ အလွန်ပေါ့ပါးကြောင်း ဝေဖန်လိုက်သည်။

ထိုပွဲစဉ်တွင် မန်စီးတီးအသင်းနှင့်ဝုဗ်အသင်းတို့သည် ပွဲချိန်အတွင်း ဂိုးမရှိသရေကျနေသည့်အတွက် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရသည်။ မန်စီးတီးဂိုးသမား ဘရာဗိုက လက်စွမ်းပြပြီး ပင်နယ်တီ ၂ ကြိမ် ကာကွယ်ပေးခဲ့သည့်အတွက် မန်စီးတီးအသင်းက ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 “အဆင့်အတန်းမြင့်တဲ့ပြိုင်ပွဲတွေမှာ ဒီဘောလုံးကို အသုံးပြုတာ လက်မခံနိုင်စရာပါပဲ။ ဘောလုံးက အရမ်းပေ့ါပြီး သွားတာ အရမ်းမြန်ပါတယ်။ ကောင်းမွန်တဲ့ဘောလုံးမဟုတ်ပါဘူး။ ဒီလိုဘောလုံးနဲ့ ဂိုးသွင်းယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနိုင်ရခဲ့တာလို့ ပြောနိုင်ပါတယ်။ အကြောင်းပြချက်ပေးနေတာမဟုတ်ပါဘူး။ ကစားသမားအားလုံး ဒီအတိုင်း ပြောကြတာပါ။ Caraboa ပြိုင်ပွဲကိုတော့ တောင်းပန်ပါတယ်။ ဒီဘောလုံးက ဒီပြိုင်ပွဲနဲ့သင့်တော်တဲ့ ဘောလုံးမဟုတ်ပါဘူး ” ဟု ဂွါဒီယိုလာကဆိုသည်။

ဝုဗ်နည်းပြ ဆန်တိုကမူ ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း Mitre ဘောလုံးနှင့်သာ ကစားနေရသည့်အတွက် ၎င်းတို့အသင်းအတွက် ထူးခြားမှုမရှိဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly