အိုင်းစတိုင်း၏ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ခြင်း မှတ်စုစာရွက်လေး လေလံပွဲ၌ ဒေါ်လာ ၁သန်းကျော်ခန့် စျေးရရှိ

အိုင်းစတိုင်း၏ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ခြင်း မှတ်စုစာရွက်လေး လေလံပွဲ၌ ဒေါ်လာ ၁သန်းကျော်ခန့် စျေးရရှိ

 

ဂျေရုစလမ်၊ အောက်တိုဘာ ၂၅ ။                     ။ တိုကျိုမြို့မှ ဆက်သားတစ်ဦးကို အဲဘတ်အိုင်းစတိုင်းကိုယ်တိုင်ပေးခဲ့သော သူ၏ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင် ခြင်းသီအိုရီအကြောင်း အကြမ်းဖျင်းရေးသားထားသည့် မှတ်စုစာရွက်လေးအား ဂျေရုစလမ်မြို့၌ လေလံတင် ရောင်းချခဲ့ပြီး ၁.၅၆ သန်းခန့်ဈေးရရှိခဲ့ကြောင်း လေလံပွဲကျင်းပသည့်အဖွဲ့က ပြောကြားခဲ့သည်။

ထိုမှတ်စုစာရွက်လေးသည် ဒေါ်လာ ၅၀၀၀ နှင့် ၈၀၀၀ ကြားသာ ဈေးရရှိမည်ဟု ကနဦးကခန့်မှန်းခဲ့ကြသော် လည်း ခန့်မှန်းဈေးထက်ကိုကျော်လွန်ကာ   ဒေါ်လာတစ်သန်းကျော်ခန့်   ဈေးရရှိခဲ့ခြင်းဖြစ်ကြောင်း Winner‘s လေလံအဖွဲ့၏ ဝက်ဘ်ဆိုက်စာမျက်နှာ၌ ဖော်ပြခဲ့သည်။

လေလံအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏အဆိုအရ မှတ်စုစာရွက်လေးအား ဝယ်ယူနိုင်ခဲ့သူသည် အမည် မဖော်လိုသူ ဥရောပတိုက်သားတစ်ဦးဖြစ်ကြောင်း သိရသည်။

“လျင်မြန်စွာတိုးတက်ပြောင်းလဲလာပြီး အချိန်မရွေးဘာမဆိုဖြစ်သွားနိုင်တဲ့ ဒီခေတ်ကြီးထဲမှာ သမိုင်းနဲ့သိပ္ပံပညာ ကို စိတ်ဝင်စားတဲ့လူတွေရှိနေသေးတယ်လို့ သိလိုက်ရတဲ့အတွက် ကျနော်အရမ်းကိုပျော်ရွှင်မိပါတယ်” ဟု ထိုမှတ်စုစာရွက်လေးကို ရောင်းချခဲ့သော အမည်မဖော်လိုသူတစ်ဦးက ပြောခဲ့သည်။

အေးဆေးတည်ငြိမ်ပြီး ရိုးရိုးကုပ်ကုပ်နေထိုင်ခြင်းသည် အောင်မြင်မှုနောက်သို့ မရပ်မနား တကောက်ကောက် လိုက်ခြင်းထက် ပျော်ရွှင်ချမ်းမြေ့စရာများကို ယူဆောင်ပေးနိုင်ကြောင်း ဂျာမန်ဘာသာစကားဖြင့် ရေးသားထား သော အဆိုပါမှတ်စာရွက်လေးထဲတွင် ဖော်ပြထားသည်။

ဒါ့အပြင်အဆိုပါလေလံပွဲ၌ “ စိတ်ဓာတ်ကြံ့ခိုင်မှုသည် အခက်အခဲအားလုံးကို ကျော်လွှားနိုင်သည်” ဟု ရေးသား ထားသော အိုင်းစတိုင်း၏ ဒုတိယမှတ်စုစာရွက်ကိုလည်း ဒေါ်လာ ၂၄၀၀၀၀ ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း Winner’s လေလံအဖွဲ့၏ ဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly