ဟောင်ကောင်ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို အာမခံဖြင့် ပြန်လွှတ်

ဟောင်ကောင်ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို အာမခံဖြင့် ပြန်လွှတ်

 

ဟောင်ကောင်၊ အောက်တိုဘာ ၂၅ ။             ။ ဟောင်ကောင်တွင် ၂၀၁၄ က ဖြစ်ပွားသော ထီးလှုပ်ရှားမှုဟု လူသိများသည့် ဒီမိုကရေစီဆန္ဒပြမှု၌ ဦးဆောင်ပါဝင်ခဲ့မှုဖြင့် ဖမ်းဆီးထားသော ဂျိုရှောဝေါင်နှင့် နာသန်လောတို့အား ၎င်းတို့၏ ပြစ်ဒဏ်များအပေါ် အယူခံ လျှောက်ထားချက်အရ အောက်တိုဘာ  ၂၄ ရက်တွင် အာမခံဖြင့် ပြန်လွှတ်သည်။

ပြစ်မှုပြစ်ဒဏ်များကို ရင်ဆိုင်သွားဖို့ အသင့်ရှိကြောင်း ဝေါင်က ပြောပြီး ၎င်းတို့အပေါ် စွဲဆိုထားသည့် ပြစ်မှုပြစ်ဒဏ်များမှာ အာဏာပိုင်အစိုးရ၏ ဖိနှိပ်မှုများသာဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

“အစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာကိုပဲ ချုပ်နှောင်လို့ ရမယ်။ ကျွန်တော်တို့ရဲ့ စိတ်ကိုတော့ ချုပ်နှောင် မရနိုင်ဘူး။”ဟု ၎င်းက သတင်းထောက်များအား ပြောသည်။
“သူတို့အနေနဲ့  ကျွန်တော်တို့တွေရဲ့ ဒီမိုကရေစီ တိုက်ပွဲ သံန္ဒိဌာန်ကို ပယ်ဖျက်တို့ မရနိုင်ဘူး။”ဟုလည်း ၎င်းက ဆိုသည်။

ပေကျင်းကျောထောက်နောက်ခံပြုသော ဟောင်ကောင်အစိုးရက တင်းကြပ်သည့် ပြစ်ဒဏ်များ ချမှတ်လိုက်ပြီးနောက် ၎င်းတို့နှစ်ဦးအား သြဂုတ်လအတွင်းက ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံက ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရ ဟောင်ကောင်အား ပိုမိုတင်းကြပ်လာနေပြိး ဥပဒေစိုးမိုးမှုကို အလျှော့အတင်း လုပ်လာနေသည်ဟု ဟောင်ကောင်အတွက် စိုးရိမ်ပူပန်မှုများ ကြီးထွားလာနေသည်။

ဆယ်ကျော်သက်အရွယ်က ဒီမိုကရေစီထောက်ခံဆန္ဒပြပွဲတွင် ထင်ရှားသူ ဖြစ်လာခဲ့သူ အသက် ၂၁ နှစ်အရွယ် ဝေါင်သည် ထောင်ဒဏ် ခြောက်လ ပြစ်ဒဏ်ကျခံနေရခြင်းဖြစ်ကာ နာသန်လောက ထောင်ဒဏ် ရှစ်လ ချမှတ်ခံထားရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly