ရှီကျင့်ဖျင်နှင့် လီကာ့ကျန်းတို့ သမ္မတနှင့် ဝန်ကြီးချုပ်များအဖြစ် ထပ်မံရွေးကောက်ခံရ

ရှီကျင့်ဖျင်နှင့် လီကာ့ကျန်းတို့ သမ္မတနှင့် ဝန်ကြီးချုပ်များအဖြစ် ထပ်မံရွေးကောက်ခံရ

ပေကျင်း၊ အောက်တိုဘာ ၂၄ ။          ။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဝန်ကြီးချုပ် လီကာ့ကျန်းတို့ နောက်နှစ်သက်တမ်းအတွက်   ပြန်လည်ရွေးကောက်ခံရကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းက ဖော်ပြသည့် အရေးပါသော ပါတီအဖွဲ့ဝင်များစာရင်းအရ သိရသည်။

အဖွဲ့ဝင် ၂၀၀ ခန့်နှင့် အလှည့်ကျအဖွဲ့ဝင် ၁၇၀ ဖြင့် ဖွဲ့စည်းထားသော ဗဟိုကော်မတီသည် တရုတ်နိုင်ငံအား ၁၉၄၉ ခုနှစ်က စတင်ကာ အုပ်ချုပ်လာခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၄ ရက်တွင် ဗဟိုကော်မတီက ၎င်း၏ ပေါလစ်ဗျူရိုတွင် အဖွဲ့ဝင် ၂၅ ဦးခန့်နှင့် အမြဲတမ်းကော်မတီတွင် ခုနစ်ဦးဝန်းကျင်ကို ရွေးချယ်ရန် ရှိသည်။

ဆင်ဟွာက ဖော်ပြသည့် ကော်မတီမှ အခြားအရေးကြီးသော အဖွဲ့ဝင်များအဖြစ် သမ္မတ၏ နိုင်ငံခြားရေးရာ အကြံပေး Wang Huning၊ ဝါဒဖြန့်ချိရေးမှူးချုပ် Liu Qibao နှင့် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီး Xu Qiliang တို့အား ရွေးကောက်ခဲ့ကြောင်း သိရသည်။

ဒုတိယ ဝန်ကြီးချုပ်အဖြစ် ရှင်ကျင်းပြည်နယ်က ဗဟိုကော်မတီအကြီးအကဲဟောင်း Wang Yang အားလည်းကောင်း၊ အဖွဲ့အစည်းဌာနချုပ်အကြီးအကဲအဖြစ် Zhao Leji အားလည်းကောင်း၊ သမ္မတ ကိုယ်ရေးအတွင်းရေးမှူးအဖြစ် Li Zhanshu အားလည်းကောင်း ရွေးချယ်ခဲ့သည်။

အမြဲတမ်းကော်မတီအဖွဲ့ဝင်များကို အောက်တိုဘာ ၂၅ ရက်တွင် ပြည်သူ့မဟာခန်းမတွင် ရွေးချယ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags