အာရှခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲတွင် ဖိလစ်ပိုင်ကို မြန်မာယူ ၁၉ အသင်း ဂိုးဒါဇင်ဝက်ဖြင့်အနိုင်ယူ

အာရှခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲတွင် ဖိလစ်ပိုင်ကို မြန်မာယူ ၁၉ အသင်း ဂိုးဒါဇင်ဝက်ဖြင့်အနိုင်ယူ
ဓါတ်ပုံ MFF

အောက်တိုဘာ ၂၄၊ ရန်ကုန်။ ။         ။ မြန်မာယူ ၁၉ အသင်းသည် ၂၀၁၈ အာရှယူ ၁၉ ခြေစစ်ပွဲ အုပ်စု (G) အဖွင့်ပွဲတွင် ဖိလစ်ပိုင်အသင်းကို ၆-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ သည်။

မြန်မာအသင်းသည် ပွဲချိန်တစ်လျှောက်လုံး ဖိလစ်ပိုင်အသင်းကို ခြေစွမ်းအသာစီးဖြင့်ကစားခဲ့ပြီး ဂိုးသွင်းခွင့်များစွာလည်း ရရှိခဲ့သည်။

မြန်မာအသင်းအတွက် ဂိုးများကို ကွင်းလယ်လူမြတ်ကောင်းခန့်က သုံးဂိုး၊အသင်းခေါင်းဆောင် နောက်ခံလူစိုးမိုးကျော်က နှစ်ဂိုးနှင့် ကွင်းလယ်လူ လွင်မိုးအောင်တို့က တစ်ဂိုး သွင်းယူပေးခဲ့ကြသည်။

မြန်မာယူ ၁၉ အသင်းသည် အုပ်စု ဒုတိယပွဲစဉ်အဖြစ် အောက်တိုဘာ ၂၆ ရက်တွင် အိမ်ရှင်ကမ္ဘောဒီးယားအသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly