စပါးအသင်း ပရီးမီးယားလိဂ်ဖလားရနိုင်ဟု ဟာရီကိန်းဆို

စပါးအသင်း ပရီးမီးယားလိဂ်ဖလားရနိုင်ဟု ဟာရီကိန်းဆို

အောက်တိုဘာ ၂၄၊ လန်ဒန်။       ။ လက်ရှိရာသီတွင် ပရီးမီးယားလိဂ်ဖလားရနိုင်သည်ဟုယုံကြည်နေသည့် တိုက်စစ်မှူးဟာရီကိန်းက လီဗာပူးလ်ကိုအနိုင်ရသည့် ပွဲမှ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ဆက်ထိန်းထားကြရန် အသင်းဖော်များကိုတိုက်တွန်းလိုက်သည်။

တနင်္ဂနွေနေ့က ဝင်ဘာလေကွင်းတွင် လီဗာပူးလ်ကို ၄-၁ ဂိုးဖြင့်အနိုင်ရခဲ့ရာ၌ ပိုချက်တီနို၏စပါးအသင်းအတွက် ကိန်းက နှစ်ဂိုး သွင်းပေးခဲ့သည်။

ပြီးခဲ့သည့်ရာသီနှစ်ခုတွင် တတိယနှင့် ဒုတိယရခဲ့သည့် စပါးအသင်းသည်လက်ရှိတွင် ဦးဆောင်သူမန်စီးတီးအသင်းနှင့် ငါးမှတ် ကွာနေသည်။

ထိပ်သီးဂိုးသွင်းသူစာရင်းတွင်ပါနေပြီး ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးဆုကို သုံးနှစ်ဆက်ရရန်အခြေအနေကောင်းနေသည့် ကိန်းက ၎င်း၏အသင်းအနေဖြင့် ၁၉၆၁ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားရယူနိုင်မည်ဟု ယုံကြည်နေသည်။

“ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ဖလားနဲ့တော်တော်လေးနီးစပ်ခဲ့တယ်။ ဒီနှစ်တော့ ကျွန်တော်တို့ရဲ့နှစ်ဖြစ်ဖို့ မျှော်လင့်ပါတယ်။

ဖလားရယူနိုင်မယ့် လူစာရင်းကိုလည်းပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ကြိုးစားကြမယ်။ လက်ရှိ ခြေစွမ်းကိုဆက်ထိန်းထားရင် မလုပ်နိုင်စရာမရှိပါဘူး။

လီဗာပူးလ်လိုအသင်းမျိုးကိုအနိုင်ရလိုက်တာက ကျွန်တော်တို့ကို မြင့်မားတဲ့ယုံကြည်မှုတွေဖြစ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း နီးနီးစပ်စပ်ရှိခဲ့တဲ့ ခရီးရှည်ကြီးကို ဒီနှစ်မှာတော့ကျွန်တော်တို့ရောက်အောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့် ပါတယ်”ဟု ကိန်းက ဆိုသည်။

ခြေစွမ်းပြနေသည့် အသက် ၂၄ နှစ်အရွယ်တိုက်စစ်မှူးကို ဥရောပထိပ်သီးကလပ်များကစိတ်ဝင်စားနေကြသော်လည်း စပါးအသင်းတွင်သာ ဆက်ကစားချင်ကြောင်း ကိန်းက ပြောဆိုထားသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags