“ကျွန်တော်ဝင်ကစားရင်တောင် ပိုကောင်းဦးမယ်”ဟု လီဗာပူးလ်နည်းပြ ကလော့ပ်ပြောဆို

“ကျွန်တော်ဝင်ကစားရင်တောင် ပိုကောင်းဦးမယ်”ဟု လီဗာပူးလ်နည်းပြ ကလော့ပ်ပြောဆို

အောက်တိုဘာ ၂၃၊ လန်ဒန်။          ။ စပါးအသင်းကို ၄-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့သောပွဲမှအသင်းသားများ၏ ကစားပုံနှင့်ပတ်သက်ပြီး လီဗာပူးလ်နည်းပြကလော့ပ်က ပြစ်တင်ဝေဖန်ခဲ့သည်။

ပေးခဲ့ရသည့် လေးဂိုးအနက် ပထမဆုံးဂိုးမှာ ၎င်းကိုယ်တိုင်ဝင်ကစားလျှင်ပင် ပိုမိုကာကွယ်နိုင်ဦးမည်ဖြစ်ပြီး ဒုတိယဂိုးမှာ လွယ်လွန်းကြောင်းနှင့် တတိယဂိုးမှာ နောက်ထပ်လက်ဆောင်ဂိုးတစ်ဂိုးဖြစ်ကြောင်း ကလော့ပ်ကပြောသည်။

“ကွင်းဘေးက နည်းစနစ်ဧရိယာထဲမှာ နည်းပြအဖွဲ့နဲ့အတူတူရှိနေတဲ့ ကျွန်တော်သာ ကွင်းထဲဝင်ကစားခွင့်ရရင် ပထမဂိုးဆိုတာ ဖြစ်လာမှာမဟုတ်ဘူး”ဟု ပွဲအစ ၄ မိနစ်တွင်ခွင့်ပြုခဲ့ရသည့် ဟာရီကိန်း၏ ဂိုးနှင့်ပတ်သက်ပြီး ကလော့ပ်ကပြောသည်။

ဆက်လက်၍ကလော့ပ်က “ နေရာလွတ်ကိုပိတ်ဖို့၊ ဘောလုံးကိုရှင်းထုတ်လိုက်ဖို့ အရမ်းကိုလွယ်တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ မလုပ်ခဲ့ဘူး။ အဲဒီလိုအနေအထားအတွက် ကျွန်တော်တို့ပြင်ဆင်ဖို့လိုလားဆိုတော့ လိုပါတယ်။ ကျွန်တော်တို့ဖြစ်နေကျပဲ။

ခံစစ်အတွက် အဲဒါတွေလိုအပ်တာ အရှင်းကြီးပေမယ့် ကျွန်တော်တို့မလုပ်ခဲ့ဘူး။ ပွဲထဲမှာ ကျွန်တော်မပြင်နိုင်ပေမယ့် ပြင်သွားဖို့တော့ရှိပါတယ်။ အဲဒါကို ပြင်ရမယ်။

ကျွန်တော်တို့ကစားခဲ့တဲ့ပုံထက် ပိုကောင်းတဲ့နောက်ခံလူတွေဆိုတာကို ပြရမယ်။ စပါးအသင်းအနေနဲ့ ကျွန်တော်တို့ကိုဂိုးပြတ် သွင်းဖို့ ခြေစွမ်းကောင်းလွန်းနေစရာမလိုပါဘူး။

ကျွန်တော်တို့မှာ မယုံနိုင်စရာ ဂိုးတွေပေးလိုက်ရတဲ့ပွဲ ၃ ပွဲရှိတယ်။ ဝက်ဖို့နဲ့ သုံးဂိုးစီသရေကျတဲ့ပွဲ၊ မန်စီးတီးကို ငါးဂိုးပြတ်ရှုံးတဲ့ပွဲနဲ့ ဒီနေ့ပွဲအပါအဝင် စုစုပေါင်း ၁၂ ဂိုးက တကယ့်ကို မယုံနိုင်စရာပဲ”ဟု ကလော့ပ်က ဆိုသည်။

လီဗာပူးလ်အသင်းမှာ ၁၉၆၄ နောက်ပိုင်း အားအနည်းဆုံးအဖြစ် ပရီးမီးယားလိဂ်အစကိုးပွဲတွင် ၁၆ ဂိုးပေးထားရသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly