လူစွန့်စားတို့ရဲ့ ၁၁ လကြာမြင့်မယ့် ကမ္ဘာပတ်ရွက်လှေပြိုင်ပွဲ

လူစွန့်စားတို့ရဲ့ ၁၁ လကြာမြင့်မယ့် ကမ္ဘာပတ်ရွက်လှေပြိုင်ပွဲ

ကမ္ဘာတစ်လွှားမှာ အားကစားပြိုင်ပွဲအမျိုးမျိုးရှိတဲ့အနက် Clipper Round the World ပြိုင်ပွဲက တကယ်ကို ခက်ခဲကြမ်းတမ်းတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲက ရွက်လှေတစ်စင်းနဲ့ ကမ္ဘာ့ပင်လယ်၊ သမုဒ္ဒရာပေါင်းစုံကို ၁၁ လကြာ ဖြတ်သန်းယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ရွက်လေတစ်စင်းမှာ ပြိုင်ပွဲဝင် ၁၂ ဦးပါဝင်ပြီး ပရော်ဖက်ရှင်နယ်ရွက်လွှင့်သမားတစ်ဦးက အသင်းကို ဦးဆောင်ရပါတယ်။

ပြိုင်ပွဲလမ်းကြောင်းက ရှစ်ခုရှိပြီး လမ်းကြောင်းတစ်ခုစီမှာ အနည်းဆုံး ၁၈ ရက်ကနေ အများဆုံး ၅၃ ရက်အထိ ရွှက်လွှင့်ကြရပါတယ်။ လမ်းကြောင်း ၈ ခုကို ပေါင်းလိုက်ရင် ခရီးမိုင်ပေါင်းက လေးသောင်းကျော်ရှိပြီး အချိန် ၁၁ လကြာ ရွက်လွှင့်ရမှာဖြစ်တယ်။

၂၀၁၇-၁၈ ပြိုင်ပွဲကို ပြီးခဲ့တဲ့ သြဂုတ်လက စတင်ခဲ့ပြီး အခုဆိုရင် ဒုတိယလမ်းကြောင်း ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ဒုတိယပြိုင်ပွဲလမ်းကြောင်းဟာ ဥရုဂွေးနိုင်ငံကနေ တောင်အတ္တလန္တိသမုဒ္ဒရာကို ဖြတ်ပြီး တောင်အာဖရိကနိုင်ငံကိတ်တောင်းမြို့ကို ရွက်လွှင့်ရတာဖြစ်ပါတယ်။ မိုင်ပေါင်း ၃၄၀၀ ရှိပြီး အချိန်က ၁၈ ရက်ကြာမြင့်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၁၉ ရက်နေ့က ကိတ်တောင်းမြို့ကို ပြိုင်ပွဲဝင်ရွက်လှေတွေပန်းဝင်လာခဲ့ကြပါတယ်။ ပြိုင်ပွဲလမ်းကြောင်း ၂ ကနေ ၃ မှာတော့ Greening အသင်းက ရှေ့ဆုံးက ပန်းဝင်ခဲ့ပါတယ်။

ပြိုင်ပွဲလမ်းကြောင်း ၃ ကနေ ၄ ကို မကြာခင် စတင်မှာဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲလမ်းကြောင်း ၈ ကနေ ၁ ကတော့ ၂၀၁၈ ခုနှစ် ဇူလိုင်လမှ ပြီးဆုံးမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးက တကယ့်လူစွန့်စားတွေရဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly