ဂိုးသွင်းကောင်းသည့် ခြေစွမ်းကို ရာသီကုန်ထိ ဆက်ထိန်းကြရန် အသင်းသားများကို ကလော့ပ်တိုက်တွန်း

ဂိုးသွင်းကောင်းသည့် ခြေစွမ်းကို ရာသီကုန်ထိ ဆက်ထိန်းကြရန် အသင်းသားများကို ကလော့ပ်တိုက်တွန်း

အောက်တိုဘာ ၁၈၊ လီဗာပူးလ်။           ။ စံချိန်ချိုးခဲ့သည့် လီဗာပူးလ်ကစားသမားများက ိုနည်းပြကလော့ပ်က ချီးကျူးခဲ့ပြီး ဂိုးသွင်းကောင်းသည့် ခြေစွမ်းကို ရာသီကုန်ထိ ထိန်းထားကြရန် တိုက်တွန်းလိုက်သည်။

လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်အုပ်စု E တွင် မာရီဘောကို ၇-၀ ဂိုးဖြင့်အနိုင်ရခဲ့ပြီး စပါးတပ်မော်စကိုက ဆီဗီလာကို ၅-၁ ဂိုးဖြင့်အနိုင်ရခဲ့သည်။

လီဗာပူးလ်အသင်း၏ ဂိုးအပြတ်ဆုံး ဥရောပအဝေးကွင်းနိုင်ပွဲများမှာ ၁၉၆၄ တွင် ရေယာဗစ်၊ ၁၉၇၆ တွင် ခရူဆိတ်ဒါးစ်၊ ၂၀၀၁ တွင် အက်ဖ်စီဟာခါအသင်းတို့ကို ၅-၀ ဂိုးစီဖြင့်အနိုင်ရခဲ့ခြင်းဖြစ်သည်။

အသင်း၏ ခြေစွမ်းနှင့် ပတ်သက်ပြီး ကလော့ပ်က “ကောင်းပါတယ်။ ပိုတောင်ကောင်းချင် ကောင်းနိုင်ပါသေးတယ်။ ပွဲအစ တစ်စက္ကန့်ကနေစပြီး ကျွန်တော်တို့ လိုချင်တဲ့ပုံစံအတိအကျပဲ။

ကျွန်တော်တို့ လွန်ခဲ့တဲ့အပတ်တွေ လောက်ကတည်းက အကောင်းဆုံး တန်ပြန်ဖိအားပေး ကစားပုံကိုပြချင်နေခဲ့တာပါ။ တိုက်စစ် ဆင်တာလည်းကောင်းသလို တန်ပြန်တိုက်စစ်ကိုလည်း အကောင်းဆုံးဖြစ်စေချင်ခဲ့တာ အခုညတော့ တကယ်ကောင်းပါတယ်။

ကျွန်တော်တို့ ဘယ်လောက်ကောင်းလဲဆိုတာ ပြနိုင်ခဲ့ပြီး ဘယ်တော့မှာလည်းအလျှော့မပေးပါဘူး။ ခြေစွမ်းက ပြောစရာမရှိပါဘူး။ ၇-၀ ဂိုးရလဒ်နဲ့ ထိုက်တန်ပါတယ်။ ဒီအတိုင်းဆက်သွားရပါမယ်”ဟု ကလော့ပ်ကပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly