ဒုတိယကမ္ဘာစစ် မိန့်ခွန်းအပြီး အာဘေးအပေါ်ထောက်ခံ မှုမြင့်တက်လာ

ဒုတိယကမ္ဘာစစ် မိန့်ခွန်းအပြီး အာဘေးအပေါ်ထောက်ခံ မှုမြင့်တက်လာ

တိုကျို၊ သြဂုတ် ၁၇ ။        ။ ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့ ရှုံးနိမ့်ခဲ့မှု နှစ် ၇၀ မြောက် နှစ်ပတ်လည် အထိန်းအမှတ် မိန့်ခွန်းတစ်ရပ်တွင် စစ်အတွင်းက ဂျပန်အား ထိခိုက်ခံစားစေရမှုအတွက် အဆုံးစွန် ပူဆွေးသောကဖြစ်ရကြောင်း ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ပြောဆိုပြီးနောက် ပထမဆုံးအကြိမ်ပြုလုပ်သော စစ်တမ်းတွင် အာဘေးအပေါ် လူထုထောက်ခံမှုမှာ ပြန်လည်မြင့်တက်လာခဲ့သည်။

စစ်ပွဲအတွက် အတိတ်က တရားဝင်တောင်းပန်မှုများကို အာဘေးက သြဂုတ် ၁၄ တွင် အတည်ပြုခဲ့သော်လည်း အတိတ်ကအမှားအတွက် အနာဂတ်မျိုးဆက်များက ဆက်လက်တောင်းပန်မှု မပြုလုပ်သင့်ဟု ကွန်ဆာဗေးတစ်ခေါင်းဆောင် အာဘေးက ဆိုသည်။ ကျိုဒိုသတင်းအေဂျင်စီက ပြုလုပ်ခဲ့ပြီး သြဂုတ် ၁၅က ထုတ်ဝေခဲ့သော စစ်တမ်းတွင် အာဘေးအစိုးရအပေါ်ထောက်ခံမှုမှာ လွန်ခဲ့သည့်လက ၃၇ဒသမ၇ ရာခိုင်နှုန်းရှိရာမှ ၄၃ဒသမ၂ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့သည်။ ၎င်းရလဒ်မှာ နောက်လတွင်ပြုလုပ်မည့် ပါတီရွေးကောက်ပွဲတစ်ခုတွင် လစ်ဘရယ်ဒီမိုကရက် တစ်ခေါင်းဆောင်အဖြစ် ပြန်လည် အရွေးခံ ရနိုင်သည့် အမြင်တစ်ခုကို အားဖြည့်ပေးနိုင်ဖွယ်ရာရှိသည်။

ကန့်ကွက်သည့်နှုန်းမှာ ၅ဒသမ၂ပွိုင့်ဖြင့် ၄၆ဒသမ၄သို့ ကျဆင်းသွားခဲ့သော်လည်း ထောက်ခံနှုန်းကိုမူ ကျော်လွန်နေသေးသည်။ သို့သော်လည်း ၎င်း၏မိန့်ခွန်းကို ဒေသတွင်း အထူးသဖြင့် အိမ်နီးချင်း တရုတ်နှင့်တောင်ကိုရီးယားတို့က စိတ်ပျက်ခဲ့ကြသည်။ ယင်းနိုင်ငံနှစ်ခုမှာ ဂျပန်တို့၏ သိမ်းပိုက်အုပ်ချုပ်မှုအောက်တွင် ဆိုးဆိုးဝါးဝါးခံစားခဲ့ကြရသည်။

မစ္စတာအာဘေး၏ မိန့်ခွန်းမှာ ကျေနပ်စရာများစွာမပါဝင်ဘဲ သမိုင်းနှင့် ပတ်သက်၍ ယခင်ကက်ဘိနက်၏ ရပ်တည်ချက်ကို အတည်ပြုသည့် ကတိကဝတ်ကို ထောက်ခံရေးအတွက် အစဉ်သဖြင့် ရိုးသား သည့်လုပ်ဆောင်ချက်များကို ပြသရန် တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက ဂျပန်ကို တိုက်တွန်းခဲ့သည်။ စစ်တွင်းကာလ ဂျပန်၏ သားကောင်များအတွက် ရိုးသားစွာ တောင်းပန်မှုမပြုလုပ်ဟု တရုတ် အစိုးရက မစ္စတာအာဘေးကို ဝေဖန်ခဲ့ပြီး အာဘေးသည် ဂျပန်၏ စစ်ရေးကျူးကျော်မှုကို ရှောင်လွှဲခဲ့သည်ဟု စွပ်စွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly