'နိုင်ငံတကာနှင့် မြန်မာ့အရေး' ခေါင်းစဉ်ဖြင့် နိုင်ငံ ရေးဆွေးနွေးပွဲပြုလုပ်

'နိုင်ငံတကာနှင့် မြန်မာ့အရေး' ခေါင်းစဉ်ဖြင့် နိုင်ငံ ရေးဆွေးနွေးပွဲပြုလုပ်

 

ရန်ကုန် အောက်တိုဘာ ၁၄ ။             ။ 'နိုင်ငံတကာနှင့် မြန်မာ့အရေး' ခေါင်းစဉ်ဖြင့် နိုင်ငံ ရေးဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင် မြို့နယ်တွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဒေါက်တာရန်မျိုးသိမ်း၊ ဦးအောင်သူငြိမ်းနှင့်တို့က လက်ရှိဖြစ်ပေါ်နေသော မြန်မာပြည်ရခိုင်အရေးနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးအောင်မိုးဇော်က ရခိုင်ပြည်နယ်အရေးကိစ္စ ရပ်များတွင် နိုင်ငံတကာ၏ အထင် အမြင်လွဲမှားမှုကို ခံစားနေရသည်ဟု ဆို သည်။

"အခု ရခိုင်ကိစ္စဖြစ်သွားပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံတကာအစိုးရတွေက ဘာပဲ ပြောပြော လုံခြုံရေးကောင်စီအထိ တက်နေပြီ၊ သာမန်ပြည်သူတွေကြားမှာ ဂျပန်မှာရှိတဲ့ ဂျပန် ပြည်သူတွေ၊ အမေရိကားမှာရှိတဲ့ အမေရိကန် ပြည်သူတွေရဲ့ ကျွန်တော်တို့အပေါ်အမြင်၊ အဲဒီ အမြင်တွေက တော်တော်ဆိုးသွားပြီ၊ ကျွန်တော့် မိတ်ဆွေတွေနဲ့ ဆိုရှယ်မီဒီယာနက်ဝက်တွေမှာ စကားပြောဖြစ်ကြတယ်၊ ဥပမာ ဈေးသွားဝယ် တယ်ဆို မင်းဘယ်ကလဲ၊ မြန်မာပြည်က… ၊ ဒါဆို မင်းတို့ ရိုဟင်ဂျာတွေသတ်တဲ့ကောင်တွေ၊ အဲဒီလို ကျွန်တော်တို့အမြင်မျိုးက တော်တော်များများဖြစ် သွားပြီ၊ အဲဒီအမြင်ကို ပြန်ပြောင်းဖို့ဆိုတာက တော်တော်ခက်တယ်၊ အဲဒါ ကျွန်တော်တို့ စီးပွား ရေးကိုပါ ထိခိုက်တယ်၊ ကုန်သွယ်ရေး၊ ခရီးသွား လာရေးနဲ့ တစ်ခြားဆက်ဆံရေးကိစ္စတွေပါ ထိခိုက် တယ် " ဟု ဦးအောင်မိုးဇော်က ဆွေးနွေးသည်။

ဒေါက်တာရန်မျိုးသိမ်းကလည်း လက်ရှိအစိုးရက ရခိုင်ဖြစ်စဉ်ကို ကိုင်တွယ်ဆောင် ရွက်ရာတွင် တိုင်းရင်းသားပါတီဖြစ်သည့် ရခိုင်အမျိုးသားရေး ပါတီနှင့်လည်း ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဆွေးနွေးသည်။

" ရခိုင်အမျိုးသားပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရ ထားတဲ့ပါတီ၊ ရှင်းရှင်းပြောရရင် ရခိုင်ပြည်သူလူထု အများစုရဲ့ ထောက်ခံမှုတွေရထားတဲ့ပါတီ၊ အဲဒီ တော့ လက်ရှိဖြစ်စဉ်မှာ ရခိုင်အမျိုးသားပါတီကို လုံးဝဘေးဖယ်ထားတဲ့သဘောမျိုးဖြစ်နေတယ်၊ ဒါဟာ မကောင်းဘူးလို့ ကျွန်တော်မြင်တယ်၊ ဒီလို ပုံစံမျိုးမဖြစ်သင့်ဘူးလို့ မြင်တယ်၊ ကိုယ်နဲ့ အမြင် တူသည်ဖြစ်စေ မတူသည်ဖြစ်စေ နားထောင် နိုင်ဖို့ လိုအပ်တယ်၊ ဆွေးနွေးနိုင်ဖို့ လိုအပ်တယ်" ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

ရခိုင်အရေးကိစ္စသည် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စဖြစ်သော်လည်း ယင်းကိစ္စကို အခြေပြု၍ တစ်ချိန်က နိုင်ငံပြင်ပတွင် တည်ဆောက်ခဲ့သော လူမှုအရင်းအမြစ်များဆုံးရှုံးရသည်ဟု ဦးအောင်သူငြိမ်းက ဆွေးနွေးသည်။

" ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာခရီးစဉ်တွေ ထွက်တဲ့အခါလည်း အရင်က လှုပ်ရှားမှုတွေ ပြုလုပ် ခဲ့တဲ့ အုပ်စုတွေနဲ့ပြန်တွေ့ပါ၊ ဒေါက်တာသောင်း ထွန်းတို့လည်း ပြန်ပြီးတော့ တိုက်တွန်းကြတယ်၊ ဒါပေမယ့် မတွေ့ဖြစ်ခဲ့ကြဘူး၊ အဲဒီတော့ ဘာလဲ ဆိုတော့ အရင်တစ်ချိန်က အပြင်မှာ တည်ဆောက် ခဲ့တဲ့ လူမှုအရင်းအမြစ်တွေကလည်း အဟောသိကံ ဖြစ်သွားပြီ၊ ဆုံးရှုံးသွားပြီ၊ အခုလို ရိုဟင်ဂျာအရေး လည်း ဖြစ်လာရော ရန်သူတွေလို ပြန်ဖြစ်ကုန် တယ်၊ အရင်က ကျွန်တော်တို့နဲ့ မိတ်ဆွေတွေ လှုပ်ရှားခဲ့သူတွေ လည်း အခုအချိန်မှာ စကား မပြောနိုင်ဖြစ်ကုန်တယ်" ဟု ဦးအောင်သူငြိမ်းက ပြောသည်။

ယင်းဆွေးနွေးပွဲသည် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီတည်ထောင်ခြင်း ၂၉ နှစ်ပြည့်၊ အထိမ်းအမှတ် အဖြစ် ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ်၊ အောင်တိုဘာလ ၁၄ ရက်တွင် စတင်တည် ထောင်ခဲ့ပြီး၊ ကျောင်းသားလူငယ်များနှင့် ဖွဲ့စည်း ထားသောပါတီအဖြစ် လှုပ်ရှားခဲ့သည်။ ၁၉၈၈ - ၁၉၈၉ ခုနှစ် ကာလများတွင် လူ့ဘောင်သစ်ပါတီ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဝန်းရံသည့် ပါတီအဖြစ်ရပ်တည်ခဲ့ပြီး၊ ဒုတိယ အင်အားကြီးပါတီအဖြစ် ရပ်တည်နိုင်ခဲ့သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ်၊ အောင်တိုဘာလ ၁၄ ရက်တွင် စတင်တည် ထောင်ခဲ့ပြီး၊ ကျောင်းသားလူငယ်များနှင့် ဖွဲ့စည်း ထားသောပါတီအဖြစ် လှုပ်ရှားခဲ့သည်။ ၁၉၈၈ - ၁၉၈၉ ခုနှစ်၊ ကာလများတွင် လူ့ဘောင်သစ်ပါတီ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံသည့် ပါတီအဖြစ် ရပ်တည်ခဲ့ပြီး၊ ဒုတိယအင်အားကြီးပါတီ အဖြစ် လူထုအကြား ခိုင်ခိုင်မာမာနေရာ ရရှိခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲအပြီးကာလများတွင် စစ်အစိုး ရက မတရားအသင်းအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပြီး ပါတီကို ထိုင်း- မြန်မာနယ်စပ်သို့ ပြောင်းရွှေ့အခြေ ချခဲ့သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၂၀၁၂ ခုနှစ်တွင် ဦးအောင်မင်းခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအကောင်အထည်ဖော်ရေး ကော်မတီ နှင့် ပထမဆုံးတွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly