ဝီရှီးယား ပရီးမီးယားလိဂ်ပွဲများကစားရန် အသင့်မဖြစ်သေးဟု ဝင်းဂါးသုံးသပ်

ဝီရှီးယား ပရီးမီးယားလိဂ်ပွဲများကစားရန် အသင့်မဖြစ်သေးဟု ဝင်းဂါးသုံးသပ်

 

အောက်တိုဘာ ၁၄၊ လန်ဒန်။                   ။ ဘုန်းမောက်အသင်းထံသို့အငှားဖြင့်သွားရောက်ကစားခဲ့ပြီးနောက် ပြန်လည်ရောက်ရှိလာသော အင်္ဂလန်ကွင်းလယ်ကစားသမား ဝီရှီးယားအနေဖြင့် ပရီးမီးယားလိဂ်ပွဲများကစားရန်အသင့်မဖြစ်သေးဟု နည်းပြ အာစင်ဝင်းဂါးက သုံးသပ်ခဲ့သည်။

အသက် ၂၅နှစ်အရွယ်ကွင်းလယ်ကစားသမားမှာ ယခုနှစ်ဘောလုံးရာသီတွင် အာဆင်နယ်အသင်းအတွက် ပွဲချိန်ပြည့်အဖြစ် ယူရိုပါလိဂ်နှင့်ရှုံးထွက်ပွဲ တစ်ပွဲစီသာကစားခွင့်ရထားသည်။ ဝီရှီးယားမှာ ဘုန်းမောက်အသင်းတွင်ကစားခဲ့စဉ်က ခြေထောက်ကျိုးဒဏ်ရာရခဲ့ပြီး ယင်းဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရသူဖြစ်သည်။ လိဂ်ပွဲတွေကအရမ်းမြန်တယ်။ သူလိုက်ကစားဖို့မလွယ်သေးဘူး။ ပရီးမီးယားလိဂ်မှာသူမကစားနိုင်တော့မှာကို စိတ်မပူပါဘူး။ သူ့အကောင်းဆုံးအချိန်ကိုမကြာခင်ပြန်ရောက်တော့မှာပါ။ ဟု ဝင်းဂါးကပြောသည်။

ဝီရှီးယားမှာ ၂၀၀၈ခုနှစ်ကတည်းက အာဆင်နယ်အသင်းတွင်ကစားနေသူဖြစ်ပြီး အသင်းအတွက် ၁၀၅ပွဲအထိ ကစားပေးထားကာ ၆ဂိုးသွင်းယူပေးထားနိုင်သည်။ ဝီရှီးယားမှာ လူငယ်ကစားသမားဘဝကို လူတန်တောင်းအသင်းနှင့်စတင်ခဲ့ပြီး ၂၀၀၁ခုနှစ်တွင်အာဆင်နယ်သို့ရောက်လာပြီးနောက် ဘော်လ်တန်၊ ဘုန်းမောက်အသင်းများတွင် အငှားသွားကစားခဲ့ဖူးသည်။

Ref: Goal.com
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly