ဂါနာတွင် ဓာတ်ငွေ့သိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှုတစ်ခုကြောင့် ခုနစ်ဦးသေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရရှိ

ဂါနာတွင် ဓာတ်ငွေ့သိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှုတစ်ခုကြောင့် ခုနစ်ဦးသေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရရှိ

 
အောက်တိုဘာ ၉ ။                       ။ ဂါနာနိုင်ငံမြို့တော် အာခါရာရှိ ဓာတ်ငွေ့သိုလှောင်စခန်းတစ်ခုတွင် ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက် ညပိုင်းက ကြောက်မက်ဖွယ် ကြီးမားတဲ့ မီးလောင်ပေါက်ကွဲမှုကြီးတစ်ရပ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ခုနစ်ဦး သေဆုံးပြီး တစ်ရာကျော် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ယင်း ဖြစ်စဉ်မှာ မြို့တော်ဧရိယာတွင်းရှိ သဘာဝဓာတ်ငွေ့ရည် သိုလှောင်စခန်းတစ်ခုအတွင်း ဓာတ်ငွေ့တင် ထရပ်ကားတစ်စီး မီးလောင်ခဲ့ရာကနေစပြီး ပေါက်ကွဲမှုကြီးတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ယင်းမီးလောင်ပေါက်ကွဲမှုတွေကြောင့် အနီးအနားနေ ဒေသခံတွေဟာ ၎င်းတို့တွေရဲ့ နေအိမ်တွေကို စွန့်ခွာပြီး ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရပါတယ်။

အဆိုပါ မီးလောင်ပေါက်ကွဲမှုကြီးအတွင်း ညဘက် ကောင်းကင်ယံပေါ် ကြီးမားတဲ့ မီးလုံးကြီးတွေ တစ်လှိမ့်လှိမ့်တက်နေတာကိုလည်း အဝေးကနေ မြင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

အဆိုပါ လူသေဆုံးစေခဲ့တဲ့ ပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်မှာတော့ ဂါနာပြည်သူတွေက ယခုလို ဓာတ်ငွေ့သိုလှောင်စခန်းတွေမှာ ဘေးကင်းစိတ်ချရမှုပိုင်းကို ပိုမိုတိုးတက်အောင် စီစဉ်ဆောင်ရွက်ပေးဖို့ အစိုးရထံ အားချင်း တိုက်တွန်းတောင်းဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဂါနာ သမ္မတ နာနာ အကူဖို အက်ဒိုက များစွာ ဝမ်းနည်းထိခိုက်ရကြောင်း တွစ်တာကနေတဆင့် ထုတ်ပြန်သွားခဲ့ပါတယ်။

ဒါ့အပြင် ယခုဖြစ်စဉ်ကို နမူနာယူပြီး နိုင်ငံတစ်ဝှမ်းမှာ ရှိတဲ့ ဓာတ်ငွေ့သိုလှောင်စခန်းတွေမှာ ဘေးကင်းရေးအပိုင်း ပိုမိုတင်းကျပ်စွာ ဆောင်ရွက်ပေးသွားမယ်ဆိုပြီးတော့လည်း အစိုးရက ကတိပေးသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly