ချီဂွေဗားရားကွယ်လွန်ခြင်း နှစ် ၅၀ပြည့် နှစ်ပတ်လည်အခမ်းအနား ကျူးဘားနိုင်ငံ၌ကျင်းပ

ချီဂွေဗားရားကွယ်လွန်ခြင်း နှစ် ၅၀ပြည့် နှစ်ပတ်လည်အခမ်းအနား ကျူးဘားနိုင်ငံ၌ကျင်းပ

 

ဆန်တာကလာရာ၊ ကျူးဘား၊ အောက်တိုဘာ ၉ ။                    ။ အာဂျီတီးနားနွယ်ဖွား မာ့စ်ဝါဒီသမားနှင့် ပြောက်ကျားတော်လှန်ရေးခေါင်းဆောင်ကြီး အာနက်စတိုချီဂွေဗားရား ကွယ်လွန်ခြင်း နှစ်၅၀ပြည့် နှစ်ပတ်လည်အခမ်းအနားကို ကျူးဘားနိုင်ငံ၌ တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ပြီး ကျူးဘားနိုင်ငံသား ၇၀၀၀၀ ခန့်က ချီဂွေဗားရားကို ရည်စူးဂုဏ်ပြုခဲ့ကြသည်။

ကျူးဘားနိုင်ငံမြို့တော် ဟာဗားနားအရှေ့ဘက်မှ ၁၈၆မိုင်ခန့်ကွာဝေးသော ဆန်တာကလာရာမြို့၌ ကျင်းပခဲ့ သည့် အဆိုပါနှစ်ပတ်လည်အခမ်းအနားသို့ ကျူးဘားသမ္မတ ရာအူးလ်ကတ်စထရို တက်ရောက်ချီးမြှင်ခဲ့ပြီး ထိုမြို့ရှိလမ်းမများပေါ်၌ ပြည်သူပေါင်း ၇၀၀၀၀ ခန့် စုရုံးကာ ဂုဏ်ပြုခဲ့ကြသည်။

ဆန်တာကလာရာမြို့သည် ကျူးဘားနိုင်ငံ၏ သမိုင်းဝင်မြို့ဖြစ်ပြီး လွန်ခဲ့သော ၁၉၅၈ ခုနှစ် ဒီဇင်ဘာက ကျူးဘားအာဏာရှင် ဖယ်ဂျန်စီယိုဘာတစ္စတာကို ဆန့်ကျင်သည့် တိုက်ပွဲဖြစ်ပွားခဲ့ရာ   နေရာတစ်ခုဖြစ်ပြီး နောက်ဆုံးတွင် ဘာတစ္စတာကို ပြည်နှင်ဒဏ်ပေးနိုင်ခဲ့ကာ အာဏာရှင်လက်အောက်မှ လွတ်မြောက်ခဲ့သည်။

လက်ရှိသမ္မတရာအူးလ်ကတ်စထရိုသည် သူ၏အစ်ကိုဖြစ်သူ သမ္မတဟောင်း ဖီဒယ်လ်ကတ်စထရိုဦးဆောင် သည့် ကျူးဘားတော်လှန်ရေးစစ်ပွဲတွင် ချီဂွေဗားရားနှင့်အတူ တိုက်ပွဲဝင်ခဲ့သူတစ်ဦးဖြစ်သည်။

တော်လှန်ရေးသမားကြီး ချီဂွေဗားရားသည် လွန်ခဲ့သော ၁၉၆၇ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် စီအိုင်အေမှ လေ့ကျင့်ပေးထားသော ဘိုလစ်ဗီးယားစစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ကွပ်မျက်ခံခဲ့ရသော ကြောင့် အသက် ၃၉နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ယခုနှစ်တွင်ကျင်းပသည့် ချီဂွေဗားရား အောက်မေ့ဖွယ်အခမ်းအနားသည် ပြီးခဲ့သောနှစ်ကကွယ်လွန်ခဲ့သည့် သမ္မတဟောင်းဖီဒယ်လ်ကတ်စထရို တက်ရောက်ချီးမြှင့်နိုင်ခြင်းမရှိသည့် ပထမဦးဆုံးသော နှစ်ပတ်လည် အခမ်းအနားဖြစ်ပြီး ချီဂွေဗားရားကိုဂုဏ်ပြုသော သူ၏မိန့်ခွန်းများထဲမှတစ်ခုအား ကောက်နှုတ်ထားကာ တက်ရောက်ခဲ့သော ပရိသတ်များနားထောင်နိုင်ရန် ဖွင့်ပြပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly