မြန်မာရေတပ်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိရေတပ်အကယ်ဒမီတွင် ရရက်ကြာလေ့လာ

မြန်မာရေတပ်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိရေတပ်အကယ်ဒမီတွင် ရရက်ကြာလေ့လာ

ကိုချီ၊ အိန္ဒိယ၊ အောက်တိုဘာ ၈ ။            ။ အိန္ဒိယရေတပ်အကယ်ဒမီ (INA) သို့ ခုနှစ်ရက်တာအလည်အပတ် ခရီးစဉ်ဖြင့်ရောက်ရှိနေခဲ့သော မြန်မာရေတပ် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ကိုချီမြို့မှ ထွက်ခွာသွားခဲ့သည်။

မြန်မာစစ်တက္ကသိုလ်မှ ဗိုလ်မှူးသိုက်ဇော်ဟိန်းနှင့် ဗိုလ်ကြီးကိုကိုမင်းတို့ ဦးဆောင်၍ရောက်ရှိလာခဲ့သော အရာရှိလောင်းငါးဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယရေတပ်အကယ်ဒမီ (INA) သို့ အောက်တိုဘာ ၁ ရက်နေ့ကတည်းက အလည်အပတ်ရောက်ရှိနေခဲ့ပြီး INA ရှိ အခြေခံအဆောက်အဦးများ၊ ပညာရပ်ပိုင်းဆိုင် ရာ အထောက်အပံ့ပစ္စည်းများနှင့်   လေ့ကျင့်ပုံ နည်းစနစ်များကို လေ့လာခဲ့သည်။

“မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နှစ်နိုင်ငံရှိ ရေတပ်နှစ်ခုကြားမှာ ရင်းနှီးချစ်ခင်မှုတည်ဆောက်ရန်၊ အကောင်းဆုံး လေ့ကျင့်မှုများကို ဖလှယ်ရန်နှင့် အိန္ဒိယနဲ့မြန်မာကြားမှာရှိတဲ့ ကာကွယ်ရေးပိုင်းဆိုင်ရာ ဆက်ဆံရေးကို ပိုမိုတောင့်တင်းခိုင်မာစေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မြန်မာနဲ့ အိန္ဒိယတို့ရဲ့ ရေတပ်ကြားက ပူးပေါင်းဆောင်ရွက်မှုဟာ အစဉ်အလာအားဖြင့် ခိုင်မာအားကောင်းပြီးသား ဖြစ်ပါတယ်” ဟု INA က ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့၏ လေ့လာရေးခရီးစဉ်ကြောင့် INA မှ အရာရှိများအနေဖြင့် မြန်မာစစ်တက္ကသိုလ်၌ ပြဌာန်းသင်ကြားနေသော လေ့ကျင့်ပုံနည်းစနစ်များနှင့် အယူအဆ၊ အတွေးအမြင်များကို   လေ့လာနားလည်နိုင်ဖို့ အခွင့်အရေး ရရှိခဲ့သည်ဟုဆိုသည်။ ထို့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့မှ အရာရှိလောင်းများသည် INA မှ အိန္ဒိယအရာရှိလောင်းများနှင့်အတူ နေထိုင်ခဲ့ကြပြီး ၎င်းတို့နှင့်အတူ သင်တန်းများအတူတကွ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly