အောက်တိုဘာ ၇ ။ ။ ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လုပ်ဆောင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အိုင်အက်စ် တပ်ဖွဲ့ဝင် ၁၂၀ ခန့် သေဆုံးသွားကြောင်း ရုရှ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားပါတယ်။
ဒါ့အပြင် ယင်းလေကြောင်းထိုးစစ်တွေအတွင်း ပြည်ပ ကြေးစား မွတ်ဆလင်အစွန်းရောက်ဝါဒီ ၆၀ ကျော်ကိုပါ တစ်ပါတည်း သုတ်သင်လိုက်နိုင်ကြောင်းလည်း ရုရှ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
" အကြမ်းဖက်သမား တပ်ဖွဲ့ တစ်စုနဲ့ ပြည်ပ ကြေးစားတပ်သား ၈၀ လောက်အထိ ဆီးရီးယား မေယာဒင်းမြို့ ဧရိယာတွင်းမှာ သုတ်သင်ရှင်းလင်းလိုက်နိုင်ပါတယ်" ဆိုပြီး ရုရှ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မေယာဒင်းမြို့ကတော့ ဆီးရီးယားမှာ အိုင်အက်စ်တပ်ဖွဲ့ရဲ့ နောက်ဆုံးသော ခံတပ်တွေထဲက တစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် အဘူ ကာမယ်လ်မြို့ အနီးတစ်ဝိုက်မှာလည်း အိုင်အက်စ် တပ်သား ၄၀ လောက်ကို တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း ရုရှတို့က ထုတ်ပြန်ပြောကြားလာပါတယ်။
ဒါ့အပြင် ဒီရာ အက်ဇော်မြို့ တောင်ပိုင်းမှာ ဆင်နွှဲခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း ပြည်ပ ကြေးစားတိုက်ခိုက်ရေးသမား ၆၀ ကျော် သေဆုံးသွားကြောင်း ရုရှတို့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။