ပဲခူးတိုင်းရေဘေးသင့်ဒေသများသို့ တရုတ်နိုင်ငံ ယူနန်အစိုးရက လှူဒါန်းထားသည့် ဆန်အိတ်များပို့ဆောင်

ပဲခူးတိုင်းရေဘေးသင့်ဒေသများသို့ တရုတ်နိုင်ငံ ယူနန်အစိုးရက လှူဒါန်းထားသည့် ဆန်အိတ်များပို့ဆောင်
ထောက်ပ့ံ ပစ္စည်းများ ဘူတာသို့ သယ်ဆောင်နေစဉ်။ 

ပဲခူးတိုင်းဒေသကြီး ရေဘေးသင့် ပြည်သူများထံ ထောက်ပံ့ကူညီရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် အစိုးရက လှူဒါန်းထားသည့် ဆန်အိတ်များကို သြဂုတ် ၁၅ ရက်က မန္တလေးမှတဆင့် ပဲခူးတိုင်းသို့ ပို့ဆောင်ပေးခဲ့သည်။

ပဲခူးတိုင်း ရေဘေးသင့် ပြည်သူများသို့  ယူနန်ပြည်နယ် အစိုးရက လှူဒါန်းသည့် ပစ္စည်းများမှာ ၂၅ ကီလိုဂရမ် ဆန်အိတ် ၂၀၀၀ ဖြစ်ပြီး သြဂုတ် ၁၅ ရက် ညပိုင်းတွင် ဘူတာမှ တဆင့် ရထားဖြင့် ပို့ဆောင်မည် ဖြစ်သည်။

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး ရေဘေးသင့် ပြည်သူများထံသို့ လှူဒါန်းသည့် ဆန်၊ စားသောက်ကုန် ပစ္စည်းများကိုလည်း နေပြည်တော်ကတဆင့် ပို့ဆောင်ပေးခဲ့ရာ သြဂုတ် ၁၄ ရက်တွင် ရောက်ရှိခဲသည်။

Source : သတင်းစဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly