ဗဟိုအမေရိကနိုင်ငံတွေကို ၀င်ရောက်တိုက်ခတ်ပြီး အပူပိုင်းမုန်တိုင်း နိတ် မက္ကဆီကိုနှင့် အမေရိကန်ဆီ ဆက်လက်ဦးတည်

ဗဟိုအမေရိကနိုင်ငံတွေကို ၀င်ရောက်တိုက်ခတ်ပြီး အပူပိုင်းမုန်တိုင်း နိတ် မက္ကဆီကိုနှင့် အမေရိကန်ဆီ ဆက်လက်ဦးတည်

 

အောက်တိုဘာ ၇ ။                   ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဗဟိုအမေရိကဒေသမှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း နိတ်ဟာ ယခုအခါ ဆက်လက်အားကောင်းနေလျက်ရှိပြီး မက္ကဆီကိုနိုင်ငံ နာမည်ကျော်ကမ်းခြေတွေနဲ့ အမေရိကန်ကမ်းရိုးတန်းဆီသို့ ဦးတည်ရွေ့လျားနေခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ နိတ် မုန်တိုင်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဗဟိုအမေရိက နိုင်ငံတွေကို ဝင်တိုက်ခတ်ခဲ့ရာမှာတော့ သေဆုံးသူ ဦးရေ ၂၈ ဦးထက်မနည်း ရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာ တစ်နာရီ လေတိုက်နှုန်း မိုင် ၆၀ ခန့် ရှိနေတဲ့ ယင်းနိတ်မုန်တိုင်းဟာ အမေရိကန်ဆီ ဝင်ရောက်ချိန်မှာ မကြာမီ ဟာရီကိန်း မုန်တိုင်းအဆင့်ကို ရောက်ရှိမယ်လို့ခန့်မှန်းရပြီး အောက်တိုဘာ ၇ ရက် သို့မဟုတ် ၈ ရက်အစောပိုင်းမှာ မက္ကဆီကို ပင်လယ်ကွေ့ မြောက်ဘက်ကမ်းရိုးတန်းကို ရောက်ရှိသွားမယ်လို့ ခန့်မှန်းထားပါတယ်။

ယခုအခါ အမေရိကန်နိုင်ငံ နယူး အော်လင်းစ် မြို့အပါအဝင် အခြားသော မြို့ကြီးတွေမှာ ဟာရီကိန်း မုန်တိုင်း အန္တရာယ် စောင့်ကြည့်နေလျက်ရှိကြောင်း သိရပါတယ်။

ဒါ့အပြင် မက္ကဆီကိုရဲ့ ယူကန်တန်ကျွန်းဆွယ်ဆီ နာရီပိုင်းအတွင်း ဟာရီကိန်းမုန်တိုင်းအဖြစ် ဝင်ရောက်လာဖွယ်ရှိနေတယ်လို့လည်း အမေရိကန် အမျိုးသားဟာရီကိန်း စင်တာ NHC က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly