၂၀၁၇ နိုဘယ်လ်ငြိမ်းချမ်းရေးဆု နျူကလီးယားဆန့်ကျင်ရေး စည်းရုံးလှုံ့ဆော်သူအဖွဲ့ ICAN ရရှိ

၂၀၁၇ နိုဘယ်လ်ငြိမ်းချမ်းရေးဆု နျူကလီးယားဆန့်ကျင်ရေး စည်းရုံးလှုံ့ဆော်သူအဖွဲ့ ICAN ရရှိ

 

အောက်တိုဘာ ၆ ။                        ။ ကမ္ဘာတစ်ဝန်း နျူကလီးယားလက်နက်များ ဖျက်သိမ်းရေးအတွက် စည်းရုံးလှုံ့ဆော်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ICAN အဖွဲ့ကို ယခုနှစ်အတွက်   နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်လိုက်ကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

နျူကလီးယားနဲ့ပတ်သက်တဲ့ အကျပ်အတည်းပြဿနာတွေ မြောက်ကိုရီးယားနဲ့ အီရန် တို့လို နိုင်ငံတွေမှာ ပေါ်ပေါက်နေခဲ့တာနဲ့အတူ ယင်း ICAN အဖွဲ့ကတော့ ကမ္ဘာပေါ်မှာ အဏုမြူဗုံးလက်နက်တွေ ကင်းစင်ပပျောက်သွားရေးအတွက် ဆယ်စုနှစ်တစ်စုကြာ တိုက်ပွဲဝင်ကြိုးပမ်းနေခဲ့ခြင်းကြောင့် ယခုလို နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရရှိသွားတာဖြစ်ပါတယ်။

" နျူကလီးယားလက်နက်တွေကို ဘယ်လိုပဲ သုံးသုံး ကြီးမားလှတဲ့ လူသားဘေးဒုက္ခအကျိုးဆက်တွေ ဆီကိုပဲ ဦးတည်စေမယ်ဆိုတာကို ကမ္ဘာကို ပြသဖို့ ကြိုးပမ်းလုပ်ဆောင်နေခဲ့တာရော၊ ဒီလိုလက်နက်တွေကို တားမြစ်ပိတ်ပင်သွားဖို့ သဘောတူစာချုပ်တွေနဲ့ အခြေတည်နိုင်အောင် မဆုတ်မနစ် ကြိုးပမ်းချက်တွေကြောင့် ဒီအဖွဲ့ကြီးက နိုဘယ်လ်ဆုရရှိသွားတာဖြစ်ပါတယ်" ဆိုပြီး နော်ေ၀ နိုဘယ်လ်ဆု ကော်မတီ ဥက္ကဌ ဘာရစ်တ် ရက်စ် အန်ဒါဆန်က ပြောပါတယ်။

နျူကလီးယားဗုံးတွေကို ပြီးခဲ့တဲ့ နှစ် ၇၀ ကျော်လောက်တုန်းက ဂျပန်ရဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေမှာ အသုံးပြုခဲ့တဲ့နောက်ပိုင်း ယနေ့ခေတ် မြောက်ကိုရီးယား တင်းမာမှုပြဿနာတွေအထိ ရှိနေချိန်မှာ ICAN အဖွဲ့ရဲ့ မဆုတ်မနစ် ကြိုးပမ်းချက်တွေကို ပေါ်လွင်အောင် ဖော်ပြလိုတဲ့အနေနဲ့ ယခုလို ဆုချီးမြှင့်လိုက်ခြင်း ဖြစ်တယ်လို့ ကော်မတီက ထုတ်ပြန်ပါတယ်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိသွားတဲ့ ICAN အဖွဲ့အနေနဲ့ လာမယ့် ဒီဇင်ဘာ ၁၀ ရက် အော်စလိုမြို့ ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ရွှေတံဆိပ်တစ်ခု၊ ဒီပလိုမာတစ်ခုနဲ့အတူ ဒေါ်လာ ၁ ဒသမ ၁ သန်း တန်ချက်လက်မှတ်တစ်ခုတို့ကို လက်ခံရရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly